မြန်မာနိုင်ငံ၏ အပူပိုင်းဒေသဖြစ်သည့် ပုဂံညောင်ဦးဒေသအား မျက်စိပသာဒဖြစ်ဖွယ် စိမ်းလန်းစိုပြေသည့် မြင်ကွင်းများ ရရှိခံစားနိုင်ရေး စနစ်တကျ စီမံထားရှိရန် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ယနေ့ စက်တင်ဘာ (၁၆) ရက် မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ညောင်ဦးခရိုင် အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများအား ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ပုဂံယဉ်ကျေးမှုပြတိုက်၌ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ညောင်ဦးခရိုင်အနေဖြင့် ဒေသ၏ ရှိရင်းစွဲဆုလာဘ်တစ်ခုဖြစ်သည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းများမှလည်း ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့တွင်ပိုင်ဆိုင်ထားသည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ အလှအပများကို လာရောက်လေ့လာခံစားကြသည့် ခရီးသွားများ၏ တည်းခိုနေထိုင်ရေး၊ စားသောက်ရေးနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများကို အဆင်ပြေချောမွေ့ အောင် စီမံဆောင်ရွက်ဆွဲဆောင်ခြင်းအားဖြင့် မိမိတို့ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ထို့ပြင် အိမ်သာမှဧည့်လာမည် ဖြစ်သည့်အတွက် ဒေသတွင်း သာယာလှပရေး၊ မျက်စိပသာဒဖြစ်ဖွယ်ပတ်ဝန်းကျင်နှင့် စိမ်းလန်းစိုပြေသည့်မြင်ကွင်းများ ရရှိခံစားနိုင်ရေး၊ ဒေသထွက်စားသောက်ကုန်ပစ္စည်းများ အဆင့်မီကောင်းမွန်စေရေး၊ အဆင့်မီသည့်တည်းခိုနေထိုင်မှုစနစ်ရှိစေရေး ဖော်ဆောင်ပေးသွားရမည်ဖြစ်ကြောင်း၊ စေတီပုထိုးများနှင့်ပတ်သက်၍လည်း ဘုရားဖူးလာရောက်သူများ စိတ်အေးချမ်းသာစွာဖြင့် သွားလာမြင်တွေ့ဖူးမြင်နိုင်ရေး စနစ်တကျစီမံထားရှိရန်လိုကြောင်းလည်း နစက ဥက္ကဋ္ဌက ဆိုသည်။
ပုဂံညောင်ဦးဒေသသည် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်မြေများရှိသည့်အတွက် မြေယာစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အထူးအလေးထား ဆောင်ရွက်သွားရမည်ဖြစ်ပြီး စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် သုံးစွဲခြင်းကြောင့် ဒေသ၏ ဖူလုံရေးကို ထိခိုက်စေနိုင်မည်ဖြစ်သဖြင့် စနစ်တကျကြပ်မတ်ဆောင် ရွက်သွားရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့လာရောက်သည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ပိုမိုတိုးတက်စေရေးအတွက် ညောင်ဦးလေဆိပ်ကိုလည်း အဆင့်မြှင်တင်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး တာဝန်ရှိသူများအနေဖြင့် ပုဂံညောင်ဦးဒေသဖွံ့ဖြိုးတိုးတက်လာစေရေး အခြေအနေအရပ်ရပ်ကို ကြိုတင်တွက်ချက်ဆောင်ရွက်ကြရန်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
-
ထုတ်ပယ်ခံရနိုင်သည့် နည်းပြများစာရင်းတွင် မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ် ထိပ်ဆုံးရောက်လာ
-
တစ်နှစ်လစာ ယူရို ၃၇ သန်း ရရှိခြင်းနှင့် ခြေချင်းဝတ်ဒဏ်ရာကို ခွဲစိတ်ကုသရန် ငြင်းပယ်သည့် သတင်းများအား ဒီယွန်း ငြင်းဆန်
-
အလွန်အားကောင်းသော စူပါတိုင်ဖွန်း ခရာသွန်း ဝင်ရောက်တော့မည်ဖြစ်၍ ထိုင်ဝမ်က စာသင်ကျောင်းများကို ပိတ်ထားပြီး မုန်တိုင်းလမ်းကြောင်းတစ်လျှောက်ရှိ ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထား
-
ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ရရှိသည့် ရဲတပ်ဖွဲ့ဝင်(၄)ဦးကို နစက ဥက္ကဋ္ဌမှ ဂုဏ်ထူးဆောင်ဆုများပေးအပ်ချီးမြှင့်
-
၁၁ လတာကာလအတွင်း တရားမဝင်နိုင်ငံခြားသား ၅ သောင်းခွဲခန့်ကို ပြည်နှင်ခဲ့ဟု နစက ဥက္ကဋ္ဌပြောကြား