Top News

“လက်တွဲကူညီ ဧရာဝတီ”အစီအစဥ်ဖြင့် ရေဘေးသင့်ပြည်သူများအတွက် ကျပ်သိန်း(၁)သောင်းဖိုးလှူဒါန်းခဲ့သည့် ဧရာဝတီဘဏ်
24htopnews | September 16, 2024 11:12 PM CST

ဧရာဝတီဘဏ်မှ ရေဘေးကြုံတွေ့ခဲ့ရသည့် မြို့(၅)မြို့မှ ရေဘေးသင့်ပြည်သူများအတွက် “လက်တွဲကူညီ ဧရာဝတီ”အစီအစဥ်အဖြစ် ငွေကျပ်သိန်း(၁)သောင်းတန်ဖိုးရှိပစ္စည်းများကို ယနေ့ စက်တင်ဘာ ၁၆ ရက်က လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဧရာဝတီဘဏ်၏တာဝန်ရှိသူများနှင့်ဝန်ထမ်းများက တောင်ငူမြို့၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ ကျောက်ဆည်မြို့နယ်များရှိ ရေဘေးသင့်ပြည်သူများ လတ်တလောအရေးပေါ်လိုအပ်သည့် အစားအသောက် ရိက္ခာခြောက်များ၊ ဆန်၊ ဆီ၊ ငွေသား၊ ဆေးဝါး၊ ရေသန့်၊ အဝတ်အထည်နှင့် အသုံးအဆောင် ပစ္စည်းများကို သွားရောက်
လှူဒါန်းပေးခဲ့ကြခြင်းဖြစ်သည်။

ထို့ပြင် “လက်တွဲကူညီ ဧရာဝတီ”အစီအစဉ်၌ ပြည်တွင်း၊ပြည်ပမှ ဧရာဝတီဘဏ်သုံးစွဲသူများအနေဖြင့် AYA Mobile Banking ၏ Bill Payment မှတစ်ဆင့် Charity & Organization တွင် AYA Helping Hands ကိုရွေးချယ်၍ အလှူရှင်အမည်နှင့် ဖုန်းနံပါတ်
ထည့်သွင်းကာ ဝန်ဆောင်ခ “အခမဲ့”ဖြင့်လှူဒါန်းနိုင်ကြောင်း အသိပေးခဲ့သည်။

ထို့အတူ AYA Pay Mobile Wallet ၏ Pay Bills မှတစ်ဆင့်၊ QR Code မှတစ်ဆင့် AYA Helping Hands သို့ဝင်ရောက်၍ ဝန်ဆောင်ခ “အခမဲ့” ဖြင့်လှူဒါန်းနိုင်ကြောင်းလည်း ဧရာဝတီဘဏ်က အသိပေးခဲ့သည်။


READ NEXT
Cancel OK