Top News

ဧရာဝတီဘဏ်က ကျပ်သိန်းတစ်သောင်းရှိ ရိက္ခာခြောက်၊ ဆန်၊ ဆီ၊ ဆေးဝါး အစရှိသည်တို့ကို ရေဘေးသင့်ဒေသများအတွက် လှူဒါန်း
24htopnews | September 16, 2024 11:12 PM CST

ဧရာဝတီဘဏ်အနေနှင့် ရာဂီမုန်တိုင်းကြောင့် ရေဘေးဖြစ်ပေါ်ခဲ့သည့် တောင်ငူ၊ နေပြည်တော်၊ တပ်ကုန်း၊ ရမည်းသင်း၊ ကျောက်ဆည်၊ မြို့များ၏ ရေဘေးသင့်ဒေသများမှ ရေဘေးသင့်ပြည်သူများတွင် လတ်တလော အရေးပေါ်လိုအပ်လျက်ရှိသည့် စုစုပေါင်း ကျပ်သိန်းတစ်သောင်း တန်ဖိုးရှိ အစားအသောက် ရိက္ခာခြောက်များ၊ ဆန်၊ ဆီ၊ ငွေသား၊ ဆေးဝါး၊ ရေသန့်အပါအဝင် အဝတ်အထည်နှင့် အသုံးအဆောင် ပစ္စည်းများကို သွားရောက် လှူဒါန်းခဲ့ပါသည်။

ဧရာဝတီဘဏ်၏ “လက်တွဲကူညီ ဧရာဝတီ” အစီအစဉ်တွင်လည်း ပြည်တွင်းပြည်ပမှ ဧရာဝတီဘဏ် သုံးစွဲသူများအနေနဲ့ AYA Mobile Banking ရဲ့ Bill Payment မှတစ်ဆင့် Charity & Organization တွင် AYA Helping Hands ကို ရွေးချယ်ပြီး အလှူရှင်အမည်နှင့် ဖုန်းနံပါတ်ထည့်ပြီး ဝန်ဆောင်ခ “အခမဲ့” ဖြင့် လှူဒါန်းနိုင်ပါသည်။

AYA Pay Mobile Wallet ၏ Pay Bills မှတစ်ဆင့်လည်းကောင်း၊ အောက်ပါ QR မှတစ်ဆင့်လည်းကောင်း AYA Helping Hands တွင် ဝင်ရောက်ပြီး ဝန်ဆောင်ခ “အခမဲ့” ဖြင့် လှူဒါန်းနိုင်ပါသည်။

 


READ NEXT
Cancel OK