မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း(နေပြည်တော်ရုံးခွဲ)မှ ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် နေအိမ်အတွင်းပိတ်မိနေသည့် ရေဘေးသင့်ဝန်ထမ်းမိသားစုနှင့်ရွာသူ၊ရွာသား(၂၀)ဦးကျော်ကို ကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ရုံးခွဲဝန်ထမ်းဖြစ်သော ပျဉ်းမနားမြို့နယ်၊ မအူပင်ကျေးရွာနေ မဇင်ဇင်ဝါ၏ မိခင်ဖြစ်သူမှာ ရုံးခွဲ၏ရေဘေးကယ်ဆယ်ရေးအဖွဲ့ဝင်များထံ စက်တင်ဘာ ၁၂ ရက်နံနက်အစောပိုင်းက ဖုန်းဖြင့်ဆက်သွယ်၍ ၎င်းတို့နေအိမ်နှင့်အခြားအိမ်များမှာ ရေကြီးမှုကြောင့်နစ်မြုပ်နိုင်သောအခြေအနေတွင်ရှိနေကြောင်း ပြောဆိုကာအကူအညီတောင်းခံခဲ့သည်။
ထို့ပြင် မဇင်ဇင်ဝါမှလည်း နေပြည်တော်ရုံးခွဲတာဝန်ခံထံ ဆက်သွယ်သတင်းပို့အကြောင်းကြားခဲ့၍ အရေးပေါ်ကယ်ဆယ်မှုများပြုလုပ်ခဲ့ကြသဖြင့် နေအိမ်အတွင်းပိတ်မိနေသော မဇင်ဇင်ဝါ၏ မိခင်နှင့်အဒေါ်တို့ကို ရေဘေးလွတ်ကင်းရာသို့ ကယ်ဆယ်ပြောင်းရွှေ့ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့အတူ မဇင်ဇင်ဝါ၏ မိသားစုဝင်များအား ကယ်ဆယ်မှုများပြုလုပ်ပေးနေချိန် ယင်း ကျေးရွာ၌ပင် ရေကြီးမှုကြောင့် သစ်ပင်များ၊ အိမ်ခေါင်မိုးများပေါ်တွင်ပိတ်မိနေသော ရွာသူ၊ရွာသား ၂၀ ဦးကျော်ကိုလည်း ရုံးခွဲ၏ကယ်ဆယ်ရေးအဖွဲ့ဝင်များက ကယ်ဆယ်ပေးခဲ့ကြကြောင်း သိရသည်။
မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း(နေပြည်တော်ရုံးခွဲ)မှ ဝန်ထမ်းများသည် စက်တင်ဘာ ၁၄ ရက်ကလည်း နေပြည်တော် ပျဉ်းမနားသကြားစက်အရှေ့ဖက်ရှိ ဆင်ေ-သကျေးရွာ၊ မအူပင်ကျေးရွာ၊ သစ်လေးလုံးကျေးရွာ၊ “မြတ်ဆုမွန်” မိဘမဲ့ကလေးများနှင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသည့် ဘုန်းတော်ကြီးကျောင်း၊ ပဲခူးတိုင်း၊ ရေတာရှည်မြို့၊ သာဂရမြို့နှင့်သာဝတ္ထိကျေးရွာတို့ရှိ ရေဘေးသင့်သူများကို အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ၊ ဆေးဝါးနှင့်မုန့်ခြောက်များကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း(နေပြည်တော်ရုံးခွဲ)ဝန်ထမ်းများသည် အခြားအလှူရှင်များမှ ရေဘေးသင့်ဒေသများသို့ ကိုယ်တိုင်လှူချင်ပြီးသွားရောက်နိုင်ခြင်းမရှိသည့် အလှူရှင်များ၏အကူအညီတောင်းခံမှုကြောင့် သွားရောက်လှူဒါန်းပေးမှုများလည်း ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
-
မြန်မာ့ကုန်ထုတ်လုပ်ငန်းကဏ္ဍ Lockdown ကန့်သတ်ချက်ဒဏ်ကြောင့် ဆိုးရွားစွာ ထိခိုက်နေဆဲဖြစ်ပြီး ဝယ်လိုအားနည်းပါးနေ၍ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များရရှိမှု ဆက်လက်ကျဆင်းနေ
-
COVID-19 ကာလအတွင်း တရုတ်နှင့် မြန်မာနိုင်ငံအတွင်း ဖရဲ၊ သခွားစိုက်ပျိုး ထုတ်လုပ်မှု ကျဆင်းခဲ့သောကြောင့် ဖရဲ၊ သခွားစျေးကွက် ရောင်းဝယ်မှု ၁၀ စုနှစ်အတွင်း စံချိန်တင် စျေးနှုန်းများရရှိ
-
ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ ခြောက်ခု၏ ရှယ်ယာအရောင်းအဝယ်ပမာဏ လျော့နည်းလျက်ရှိပြီး ၂၀၂၀ နိုဝင်ဘာတွင် ကျပ် ၅၅၂ သန်းကျော်သာ အရောင်းအဝယ်ဖြစ်ပေါ်
-
အာဆီယံထုတ်လုပ်မှုကဏ္ဍ အခြေအနေများ နိုဝင်ဘာတွင် တည်ငြိမ်လာသော်လည်း စစ်တမ်း၌ပါဝင်သည့် ခုနစ်နိုင်ငံအနက် မြန်မာနိုင်ငံက ကုန်ထုတ်လုပ်ငန်းများ အဆိုးရွားဆုံး ဆုတ်ယုတ်နေသည့် အခြေအနေဖြင့် ရင်ဆိုင်နေရ
-
ကိုရီးယား-မြန်မာချစ်ကြည်ရေး (ရန်ကုန်-ဒလ) မြစ်ကူးတံတားတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများ ရာခိုင်နှုန်း ၂၀ ပြီးစီးနေပြီး လာမည့် ၂၀၂၂ ခုနှစ် အောက်တိုဘာတွင် ပြီးစီးနိုင်ရန်ဆောင်ရွက်နေ