Top News

ဘူဖွန်နှင့် ပီယာလို ယခင်ကဆေးလိပ်ခိုးသောက်မှု ပေါ်ပေါက်
24htopnews | September 14, 2024 8:12 PM CST

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူးဟောင်း ဘန်တနာက ဘူဖွန်နှင့် ပီယာလိုတို့သည် အသင်းအိမ်သာထဲတွင် ဆေးလိပ်ခိုးသောက်လေ့ရှိကြောင်း ဖော်ကောင်လုပ်ခဲ့သည်။

၂၀၁၂-၁၃ ရာသီတွင် ဂျူဗင်တပ်စ်အသင်းသို့ ရောက်ရှိခဲ့သည့် ဘန်တနာက ''ဂျူဗင်တပ်စ်ကစားသမားဘဝ ပထမဆုံးနေ့မှာ အသင်းရေချိုးခန်းထဲ အသင်းဖော်တွေမတွေ့လို့ ကျွန်တော် အံ့အားသင့်ခဲ့ရတယ်။ နောက်မှ အိမ်သာထဲမှာ ဆေးလိပ်ခိုးသောက်နေသူတွေ တွေ့ခဲ့ရပါတယ်။ အဲဒီထဲမှာ ဘူဖွန်နဲ့ ပီယာလိုတို့လို ကစားသမားတွေပါဝင်ပြီး ဆေးလိပ်ခိုးသောက်သူ (၁၀)ယောက်၊ (၁၂)ယောက်လောက်ရှိပါတယ်။ ဒါပေမဲ့ သူတို့ဟာ ကွင်းထဲရောက်ရင် ပရော် ဖက်ရှင်နယ်ပီသသူတွေပါ''ဟု ပြောကြားခဲ့သည်။

ဘန်တနာသည် အာဆင်နယ်အသင်းတွင်ကစားနေစဉ် ၂၀၁၂-၁၃ ရာသီက ဂျူဗင်တပ်စ်အသင်းသို့ တစ်ရာသီ အငှားသွားရောက်ကစားခဲ့ပြီး ၎င်းကြုံတွေ့ခဲ့ရသည်များကို BBC 5 Live Sport အစီအစဉ်တွင် ဖွင့်ချခဲ့ခြင်းဖြစ်သည်။

၎င်းအနေဖြင့် ယင်းရာသီတွင် ဂျူဗင်တပ်စ်အသင်းအတွက် (၁၁)ပွဲသာကစားခဲ့ရပြီး ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

အသက်(၃၂)နှစ်အရွယ်သာရှိသေးသူ ဘန်တနာသည် ဒိန်းမတ်စတုတ္ထတန်းကလပ် Tarnby FF အသင်းတွင် ကစားနေလျက်ရှိသည်။

 


READ NEXT
Cancel OK