Top News

ပခုက္ကူမြို့နယ်တွင် အထည်ချုပ်စက်ရုံတစ်ရုံမှ ဝန်ထမ်းများ လစာပေးရန် ဘဏ်မှငွေထုတ်ပြန်လာသည့် မော်တော်ယာဉ်နှင့် ငွေများ ဓားပြတိုက်ခံရ
24htopnews | September 14, 2024 5:12 PM CST

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ရှိ Myanmar Effort အထည်ချုပ်စက်ရုံမှ ဝန်ထမ်းများအား လစာပေးရန် ဘဏ်မှ ငွေ ထုတ်ယူလာသည့် ငွေကျပ် သိန်း ၂၆၀၀ အား  ဓားပြတိုက်လုယက်ယူဆောင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဇူလိုင် ၅ ရက် နံနက်ပိုင်း၌ ပခုက္ကူမြို့ နယ် ပန်းတိုင်းချုံကျေးရွာ၌ ဖွင့်လှစ်လုပ်ကိုင် လျက်ရှိသည့် Myanmar Effort အထည်ချုပ် စက်ရုံ ကုမ္ပဏီပိုင်ရှင်ဖြစ်သူ အဆိုပါကျေးရွာ နေ ဦးဖြိုးမင်းကျော်သည် စက်ရုံမှ ဝန်ထမ်း များအား လစာပေးနိုင်ရေးအတွက် ပခုက္ကူ မြို့ ကမ္ဘောဇဘဏ်မှ ငွေကျပ် သိန်း ၂၆၀၀ အား ၎င်းစီးနင်းသည့် MGY 9G/---- Hundi မော်တော်ယာဉ်ဖြင့် တစ်ဦးတည်းသွားရောက် ထုတ်ယူပြီး ကျေးရွာသို့ပြန်လာစဉ် နံနက် ၁၁ နာရီခွဲအချိန် ပန်းတိုင်းချုံးကျေးရွာအနီးအရောက်၌ လမ်းဘေးရပ်တန့်ထားသည့် Nisan Tarano အမျိုးအစား အဖြူရောင်ယာဉ်ပေါ်မှ PDF ခြောက်ဦးခန့်က လက်နက်များကိုယ်စီ ကိုင်ဆောင်ကာဆင်းလာပြီး ဦးဖြိုးမင်းကျော် ၏ မော်တော်ယာဉ်အား တားဆီးကာ အဆိုပါ မော်တော်ယာဉ်နှင့် ယာဉ်ပေါ်တင်ဆောင် လာသည့် ဝန်ထမ်းများ လစာပေးချေရန် ထုတ်ယူလာသည့် ငွေကျပ် သိန်း ၂၆၀၀၊ လက်ကိုင်ဖုန်းသုံးလုံးတို့အား ဓားပြတိုက် လု ယက်ယူဆောင်ကာ ရေစကြိုမြို့နယ်၊ ဆင် ကျို့ကျေးရွာဘက်သို့ မောင်းနှင်ထွက်သွား ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ 

ထိုသို့ Myanmar Effort အထည်ချုပ် စက်ရုံပိုင်ငွေနှင့် မော်တော်ယာဉ်တို့အား ဓား ပြတိုက် လုယက်ယူဆောင်ခဲ့သူများအား ဖော် ထုတ်ဖမ်းဆီးရမိနိုင်ရေး နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းထုတ်ပြန်မှုအရ သိရ သည်။

 


READ NEXT
Cancel OK