Top News

မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံအပေါ် တရားစွဲဆိုထားသည့် ပုဒ်မ ၁၃၀ (က) အမှုနှင့်ပတ်သက်ပြီး အပြီးသတ်အမိန့်မချသေးဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းခဲ့
24htopnews | September 14, 2024 5:12 PM CST

မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက် တာ အေးဇံအပေါ် ရွေးကောက်ပွဲ မလျော် သြဇာသုံးခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားသည့် ပုဒ်မ - ၁၃၀ (က) အမှု နှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက် က အပြီးသတ်အမိန့်မချသေးဘဲ ရုံးချိန်း ထပ်မံရွှေ့ဆိုင်းခဲ့ကြောင်း တရားရုံးနှင့် နီးစပ် သူများထံမှ သိရသည်။

“ပုဒ်မ - ၁၃၀ (က) အမှုနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်က အပြီးသတ် အမိန့် ချဖို့ စီစဉ်ထားပေမယ့် ပြည်ထောင်စုတရားလွှတ်တော်ရုံးချုပ်က အမှုတွဲ မရောက်လာ သေးတဲ့အတွက် လာမယ့် ဇူလိုင်လ ၁၁ ရက်၊ နောက်တစ်ကြိမ်ရုံးချိန်းကို ရွှေ့ဆိုင်းလိုက် တာလို့ သိရပါတယ်၊ အဲ့ဒီနေ့မှ အမိန့်ချမယ် လို့ထင်ပါတယ်” ဟု တရားရုံးနှင့် နီးစပ်သူ တစ်ဦး က ပြောကြားသည်။

ဒေါက်တာအေးဇံ အပေါ် ရွေးကောက် ပွဲနှင့်ပတ်သက်ပြီး တရားစွဲဆိုထားသည့် ရာဇ သတ်ကြီး ဥပဒေပုဒ်မ - ၁၇၁ (စ) နှင့် အမှု နှစ်မှုကိုမူ ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်က ပြည် ထောင်စုတရားလွှတ်တော်ရုံးချုပ်မှ ပယ်ဖျက် ကြောင်း အမိန့်ချမှတ်ပေးခဲ့ပြီးဖြစ်သော် လည်း ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး နောက် ထပ် တရားစွဲဆိုခံထားရသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၁၃၀ (က) အတွက် ဆက်လက် တရားရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သိရ သည်။

ဒေါက်တာအေးဇံမှာ လက်ရှိတွင် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၅ ဖြင့် အမှု (၉) အတွက် ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခြင်း ခံထားရသည့်အပြင် ရာဇ သတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (ခ) အရ အလုပ် နှင့်ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံရကြောင်း သိရသည်။                         


READ NEXT
Cancel OK