Top News

ရွှေကျင်မြို့နယ် ဆိပ်ကလေးကျေးရွာရှိ အထကကျောင်းခွဲ မီးရှို့ခံရပြီး ဆရာ ဆရာမနားနေဆောင်အခန်း တစ်ခန်းနှင့် စာကြည့်တိုက်အတွင်းရှိ စာရွက်စာတမ်းများ မီးလောင်ပျက်စီး
24htopnews | September 14, 2024 5:12 PM CST

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ဆိပ်ကလေးကျေးရွာရှိ အထကကျောင်းခွဲ မီးရှို့ခံရပြီး ဆရာ ဆရာမနားနေဆောင်အခန်း တစ်ခန်းနှင့် စာကြည့်တိုက်အတွင်းရှိ စာရွက်စာတမ်းများ မီးလောင်ပျက်စီးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဇူလိုင် ၅ ရက် ည ၉ နာရီခန့်တွင် ရွှေကျင်မြို့နယ်၊ ဆိပ်ကလေးကျေးရွာ၌ ဖွင့်လှစ်ထားပြီး ကျောင်းသူ၊ ကျောင်းသား ၆၃၀ ဦး ပညာသင်ကြားလျက်ရှိသည့် အခြေခံပညာ အထက်တန်းကျောင်းခွဲအား PDF များက မီးရှို့ကာ ထွက်ခွာသွားခဲ့သဖြင့် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကျေးရွာနေပြည်သူများက ၀ိုင်းဝန်းမီးငြိှမ်းသတ်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

အဆိုပါမီးလောင်မှုကြောင့် စာသင်ကျောင်းဝင်းအတွင်းရှိ ဆရာ ဆရာမများ နားနေဆောင် ပေ ၂၀ ပတ်လည် နှစ်ခန်းတွဲမှ အခန်းတစ်ခန်းနှင့် စာကြည့်တိုက်အခန်းအတွင်းရှိ သုံးထပ်သားပြားနှစ်ချပ်၊ စားပွဲခုံ တစ်လုံး၊ စာရွက်စာတမ်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK