Top News

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သရက်သီးတင်ပို့ရာ၌ အခက်အခဲများစွာကြုံတွေ့နေရပြီး သရက်ကားအစီးရေ အနည်းငယ်သာတင်ပို့နိုင်
24htopnews | September 14, 2024 5:12 PM CST

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သရက် သီး တင်ပို့ရာ၌ အခက်အခဲများစွာကြုံတွေ့ နေရပြီး သရက်ကားအစီးရေ အနည်းငယ်သာ တင်ပို့နိုင်ကြကြောင်း သရက်ကုန်သည်များ ထံက သိရသည်။

ယခုနှစ်မှာ သရက်သီးအထွက်နှုန်း၅ဝရာခိုင်နှုန်းခန့်သာထွက်ရှိပြီးတရုတ်နိုင်ငံသို့တင်ပို့ရာတွင် ကားအစီးရေအနည်းငယ်သာ တင်ပို့ရောင်းချနိုင်ကြောင်း သရက်တောင် သူ/ကုန်သည်တစ်ဦးက ပြောကြားသည်။

“အထွက်နှုန်းက အရင်နှစ်ကနဲ့စာရင် ၅၀ ရာခိုင်နှုန်းလောက် နည်းတယ်ဗျ။ ၅၀ ရာခိုင်နှုန်းလောက်နည်းပေမယ့် အရင်တုန်း ကဆို ကျွန်တော်တို့ဆီကထွက်တဲ့သီးနှံရဲ့ ၇၀ ရာခိုင်နှုန်းပေါ့နော်။ ရဝရာခိုင်နှုန်းက တရုတ် လမ်းကြောင်းကို သွားတယ်။  ကျန်တဲ့၂၀ ရာ ခိုင်နှုန်းလောက်က ပြည်တွင်းကို လည်ပတ် တယ်။ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းလောက်က စင် ကာပူတို့၊ ထိုင်းတို့ ၊ မလေးရှားတို့ အဲ့နိုင်ငံ တွေ ထွက်တာရှိတယ်ဗျာ။ အခုဒီနှစ်ကျတော့ စင်ကာပူတို့ဘာတို့ကိုထွက်တာရှိတယ်။ အဲ့ ကောင် က ရာခိုင်နှုန်းနဲ့တောင် ပြောလို့မရတဲ့ အနေအထားပဲ။ တရုတ်ပြည်လည်း ထွက်နိုင် တာ က အရင်ဆို တစ်နေ့တစ်နေ့ အစီး ၃-၄ ရာ လောက် သွားနေတဲ့ လမ်းကြောင်းက ကျွန် တော်ထင်တယ်။ ၁၅စီးတောင်ပြည့် အောင်ရှိမယ်မထင်ဘူးဗျ” ဟု သရက်တောင် သူ ကိုမြတ် ထွန်းက ပြောကြားသည်။

ယခုနှစ်၌ ယခင်နှစ်များထက် အသီး အထွက်နှုန်း‌လျော့နည်းခဲ့သလို ပြည်ပ ရောင်း ချရမှုနည်းခဲ့ခြင်းကြောင့် ပြည်တွင်း ရောင်းလို အားများပြီး ဝယ်လိုအားနည်းခဲ့ကာ စျေး ကွက် အပြိုင်အဆိုင်လုရသည့် အခက်အခဲ များ ကြုံ တွေ့ ခဲ့ရ ကြောင်း သရက်ကုန်သည် များထံက သိရသည်။

တရုတ်ပြည်သို့တင်ပို့ရာ၌လည်း Transport Charge  စရိတ်ကြီးမြင့်ခြင်း၊ ကားနှင့် ကုန်ပစ္စည်းများကို အချိန်ကြာမြင့်စွာတန်းစီပြီး ဆေးစစ်ရခြင်းများကို ကြုံတွေ့နေရခြင်း ကြောင့် ရက်ကြာမြင့်ကာ  သရက်သီးအရည် အသွေးအပိုင်းထိခိုက်ကျဆင်းလာရ ကြောင်း သရက်ကုန်သည်တစ်ဦးက  ပြောကြားသည်။

“တရုတ်ပြည်တင်ပို့ရမယ့်အပိုင်းမှာကျ တော့ တရုတ်ပြည်တင်ပို့ရတဲ့ Transport Charge  ကတအားစရိတ်ကြီးတယ်။ စရိတ် ကြီးတဲ့အပြင် ဟိုနှစ်ကလိုသေချာတဲ့အနေအထားလည်းမရှိဘူး။အရင်တုန်းကဆို သူတို့ က တရုတ်ပြည်ပို့ရတယ်ဆိုရင် ဒီဘက် ၁၀၅ မိုင်ဘက် မှာပဲအရောင်းအဝယ်လုပ်ပြီး သူတို့ ထဲ ကိုသွင်းပေးရတာလေ။ အခုကျတော့ မဟုတ်ဖူး ကျွန်တော်တို့ ကားတွေကို အစီး လိုက်ကိုဝမ်တိန်တို့ တရုတ်ပြည်ထဲထိ မောင်း ပြီးမှ တရုတ်ပြည်ထဲကို ပို့ရတာ။ အဲ့မှာလည်း ဘာကတစ်ခုကြာသွားလဲဆိုတော့ တရုတ် ပြည်ထဲတိုးမယ်ဆိုရင်ပစ္စည်းတွေရော ကား တွေရော ဆေးစစ်ရတဲ့ပြဿနာလေ။ အဲ့မှာ တန်းစီ ပြီးစောင့်ရတဲ့ပြသနာတွေရှိတယ်ဗျ အဲ့မှာကျွန်တော်တို့က ရက်တွေကြာကုန် တာပေါ့။ နောက် ကားကတန်းစီပြီး စောင့်ရ တယ်ဆိုကတည်းက တင်လိုက်တဲ့ကုန်ကားကနေပူထဲရပ်ရမလားနေရိပ်ထဲရပ်ရမလားဘယ်သူမှမသိဘူး။ ဘယ်သူမှမပြောနိုင်ဘူး လေ တစ်နေကုန်တစ်ရက်တို့ တစ်ညတို့ဆိုတာ အဲ့မှာက အသီးတွေက မလတ်ဆတ်တော့တာ ပေါ့ ” ဟု သရက်တောင်သူ ကိုမြတ်ထွန်းက ပြောကြားသည်။

ယခင်က အသီးရောင်းချရာ၌ သရက် ကား စထွက်ချိန်နှင့် သရက်သီး ရောင်းချပြီး စီးချိန် စုစုပေါင်းကြာချိန် မှာ ၂၁နာရီခန့်သာ ကြာမြင့်ခဲ့သည်။

ယခုအချိန်၌ ပကတိဖြစ်ပေါ်နေသော နိုင်ငံရေး‌ခြေအနေအရ ညပိုင်းဖြတ်သန်းသွား လာခွင့်ပိတ်ထားခြင်း ၊ ရှန်တိန်ယာဉ်မောင်း စနစ်ဖြင့်အဆင့်ဆင့်မောင်းနှင်ရခြင်း တရုတ် ဘက်သို့ရောင်းချရန် ဆေးစစ်ချိန်ကြာမြင့် ခြင်းများကြောင့် ကြာချိန်မှာ သုံးညအိပ်ခန့် အချိန်ကြန့်ကြာပြီးမှ အသီးရောင်းချနိုင် ကြောင်း သရက်ကုန်သည်များထံက သိရှိရ သည်။

ထို့ပြင် ယခင်ကတရုတ်ပြည်တင်ပို့ရာ၌ သရက်သီးတစ်ခြင်းကို ခြင်းဖိုးနှင့် တန်ဆာ တန်ဖိုး  စုစုပေါင်း လေးထောင့်ခန့်သာ ကုန် ကျခဲ့သော်လည်း  ယခုအချိန်၌  တစ်သောင်း ကျော်ခန့်ကုန်ကျနေရခြင်း၊ မန္တလေး-မူဆယ် ဝမ်တိန်လမ်းကြောင်းတစ်လျှောက်၌ မလို လားအပ်သော အပိုကုန်ကျငွေများပြားခြင်း တို့ကြောင့် တရုတ်နိုင်ငံသို့ စွန့်စားကာသရက် ရောင်းချလိုသူနည်းလာကြောင်း သရက်ကုန် သည်များထံကသိရပြီး တစ်ရက်လျှင် သရက် ပို့ကုန် ငါးစီးကျော်ခန့်သာ ရှိတော့ကြောင်း သိရပြီး မကြာမီ သရက်ပို့ကုန်တင်ပို့မှုရာသီ ပြီး ဆုံးတော့မည်ဖြစ်ကာ ရှမ်းပြည်နယ်ထွက် သရက်သီးများ တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိကြောင်း သိရသည်။

 


READ NEXT
Cancel OK