Top News

တောင်ကြီးမြို့ မောချယ်ရီကားဂိတ်ယာဉ်လိုင်းများ ရွှေ့ပြောင်းနိုင်ရန်အတွက် အေးသာယာအဝေးပြေးခရီးသည်ပို့ဆောင်ရေး ယာဉ်ရပ်နားစခန်းအနီးတွင် ဒေသတွင်းယာဉ်ရပ်နားစခန်းတစ်ခု တည်ဆောက်နေ
24htopnews | September 14, 2024 5:12 PM CST

တောင်ကြီးမြို့ မောချယ်ရီ ကားဂိတ် ယာဉ်လိုင်းများ ရွှေ့ပြောင်းနိုင်ရန် အတွက် အေးသာယာ အဝေးပြေးခရီးသည်ပို့ဆောင် ရေး ယာဉ်ရပ်နားစခန်းအနီးတွင် ဒေသတွင်း ယာဉ်ရပ်နားစခန်းတစ်ခု တည်ဆောက်နေ ကြောင်း ကြားသိရသည်။

အဆိုပါ ရှမ်းပြည်နယ်တောင်ပိုင်း ဒေသ တွင်း ယာဉ်ရပ်နားစခန်း တည်ဆောက်နေ သည်မှာ လတစ်ဝက်ကျော် ကြာမြင့်နေပြီ ဖြစ်ကာ ဇူလိုင်လကုန် အပြီး တည်ဆောက် သွားရန် လျာထားဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

“အခု ဒီနေ့ပါ ဆိုရင် ၂၂ ရက် ရှိသွားပြီ။ ဒီလကုန်ဆိုရင်တော့ အကုန်ပြီးသလောက် ဖြစ်သွားမယ်။ နောက် ထပ် သုံးရက်လောက် ဆိုရင် အမိုးတွေ ပြီးလောက်ပြီး အချောနည်း နည်းပဲ ကျန်တယ်။ လကုန်ဆိုရင် ပြီးပါပြီ။ အခန်းပေါင်း ၄၅ ခန်း လုပ်နေတာ ၃၆ ခန်း က ဒီလကုန်ဆိုရင် ဝင်ပြီးနေလို့ ရတယ်။ ကားဂိတ်တွေလေ” ဟု အေးသာယာဒေသ တွင်း ယာဉ်ရပ်နားစခန်း တည်ဆောက်ရေးမှ ကိုရာကစ်က ဆိုသည်။

တောင်ကြီးမြို့၊ မောချယ်ရီ ကားဂိတ်ရှိ ယာဉ်လိုင်းများရွှေ့ပြောင်းနိုင်ရန် စာပို့အ ကြောင်းကြားထားပြီး ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထား၍ ရွှေ့ပြောင်းရမည်ဖြစ် ကြောင်း မောချယ်ရီ ကားဂိတ် ယာဉ်လိုင်းဂိတ် တစ်ဂိတ်ထံမှ သိရသည်။

မောချယ်ရီ ကားဂိတ်တွင် ဂိတ်ခန်း ပေါင်း ၂၉ ခန်းရှိကာ အဓိကအားဖြင့် တောင် ကြီးခရိုင်တွင်းရှိ ရပ်စောက်၊ ရွာငံ၊ ပင်းတယ၊ ကလော၊ ပင်လောင်း၊ ဖယ်ခုံ စသော မြို့နယ် များသို့ သွားရောက်သော ကားဂိတ်များ ဖြစ်ကြောင်း သိရသည်။

အေးသာယာမြို့ အဝေးပြေး ယာဉ်ရပ် နား စခန်း အနီးတွင် တည်ဆောက်နေသော ဒေသတွင်း ယာဉ်ရပ်နားစခန်းကို ဇူလိုင်လ ကုန် အပြီးသတ် တည်ဆောက်နိုင်ရန် ကြိုး စားဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့ အေးသာယာဒေသတွင်း ယာဉ် ရပ် နားစခန်း သို့ ရွှေ့ပြောင်းလိုက်ခြင်းအားဖြင့် တောင်ကြီးမြို့မှ ဒေသတွင်း မြို့နယ်များသို့ သွားရောက်ရာတွင် အေးသာယာသို့ သွား ရောက် စီးနင်းရမည် ဖြစ်သဖြင့် ကုန်ကျစရိတ် တိုးလာခြင်းနှင့် အချိန်ကုန်ခြင်း အခက်အခဲ များစွာ ကြုံတွေ့လာနိုင်ကြောင်း ခရီးသည် များက ဆိုသည်။

“ခရီးသည်တွေ တော်တော်လေး ဒုက္ခ ရောက်ကြလိမ့်မယ်။ ဥပမာဗျာ။ တောင်ကြီး ကနေကလောသွားမယ်၊ ရပ်စောက်သွားမယ် ဆိုရင် အေးသာယာကနေ တစ်ဆင့် စီးရမယ် ဆိုတော့ ကားခ နှစ်ခါ ကုန်ကျမယ်။ အချိန် ကုန်မယ်။ ရပ်စောက် ကနေ တောင်ကြီးလာ ရင် တောင်ကြီးမြို့တွင်း အရောက် ပို့လို့ ရပေမယ့် တောင်ကြီးကနေ သွားမယ့် ကား ဂိတ်တွေအတွက် အရမ်းအခက်အခဲတွေ ဖြစ် လာနိုင်တယ် လို့ မြင်တယ်” ဟု  တောင်ကြီးမြို့ မှ ခရီးသည် တစ်ဦးက ဆိုသည်။

တောင်ကြီးမြို့တွင်းရှိ ယာဉ်လိုင်း ဂိတ် များအားလုံး ရွှေ့ပြောင်းကြရန် တောင်ကြီးမြို့ နယ် စည်ပင်သာယာရေး ဌာန မှ အသိပေးစာ များပေးပို့ထားခြင်းဖြစ်ပြီး စဝ်စံထွန်းရပ်ကွက် တွင်ရှိသော မောချယ်ရီဂိတ်ခန်းများသာ အပြီးရွှေ့ပြောင်းရမည်ဖြစ်ကာ မြို့တွင်းရှိ အဝေးပြေး လက်မှတ် အရောင်းဌာနများ ဖွင့် လှစ်ခွင့်ရဦးမည် ဖြစ်ကြောင်း အဝေးပြေး လက်မှတ်အရော င်းဌာနများထံမှ သိရသည်။

တောင်ကြီးမြို့တွင် တပ်မတော်ပိုင် မြေနေရာဖြစ်သော မောချယ်ရီ ဆိုင်ခန်း များ ကို ဖယ်ရှားနိုင်ရန် ယခင်နှစ်များက အသိ ပေးစာ ပေးပို့ထားသော်လည်း အထက်သို့ အသနားခံစာတင်ပြခဲ့သဖြင့် ဆိုင်းငံ့ထားခြင်း ဖြစ်ကြောင်း၊  ယခုအခါ မောချယ်ရီ ကားဂိတ် ယာဉ်လိုင်းများမှာ မဖြစ်မနေ ရွှေ့ပြောင်းရ တော့မည့် အခြေအနေ ဆိုက်ရောက်လာ ကြောင်း ဂိတ်ခန်းများက ဆိုသည်။

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ အဝေးပြေး ယာဉ်ရပ်နားစခန်းမှာလည်း တည်ဆောက်ရေးကာလ ပြီးစီးဆောင်ရွက် နိုင်ခြင်း မရှိသေးသဖြင့် ဇူလိုင်လကုန် အပြီး သတ် ရွှေ့ပြောင်းနိုင်ရန် လတ်တလော အဆင်ပြေနိုင်ဦးမည် မဟုတ်ကြောင်း အေး သာယာ အဝေးပြေး ကားကွင်းမှ ဂိတ်ခန်း များထံမှ သိရသည်။


READ NEXT
Cancel OK