Top News

ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် စက်သုံးဆီ ၉၂ တစ်လီတာ ကျပ်နှစ်ထောင်အောက်သို့ ရောက်ရှိ
24htopnews | September 14, 2024 5:12 PM CST

ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် စက်သုံးဆီ ၉၂ တစ်လီတာ ကျပ်နှစ်ထောင်အောက်သို့ ရောက်ရှိလာကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

ဇူလိုင် ၇ ရက်တွင် စက်သုံးဆီအရောင်းဈေးနှုန်းများမှာ ၉၂ တစ်လီတာလျှင် ၁၈၃၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၁၉၅၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၂၁၉၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၂၂၅ ကျပ်ဖြစ်သည်။

ဇူလိုင် ၆ ရက်က ၉၂ တစ်လီတာလျှင် ၂၀၇၀ ကျပ်၊ ၉၅ တစ်လီတာ ၂၁၉၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီ တာလျှင် ၂၄၁၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၂၃၈၀ ကျပ်ရှိခဲ့ပြီး ဇူလိုင် ၇ ရက်တွင် ဈေးနှုန်းများ ကျဆင်း လာခြင်းဖြစ်သည်။

ယင်းဈေးနှုန်းများမှာ ဧပြီလနောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ကျဆင်းလာခဲ့ခြင်းဖြစ်ပြီး စက်သုံးဆီဈေးနှုန်းများမှာ ကျပ် ၂၀၀၀ ကျော်အထက်တွင်သာရှိခဲ့သည်။

“ ဧပြီလကုန်ကဈေးဖြစ်တဲ့ တစ်လီတာကျပ်နှစ်ထောင်အောက်ကို ပထမဆုံးအကြိမ်ပြန်ရောက်သွားပြီ” ဟု စက်သုံးဆီဈေးနှုန်းများကို လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောကြားသည်။

ဧပြီ ၃၀ ရက်တွင် ဈေးကွက်အတွင်း ရောင်းချခဲ့သည့် စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာလျှင် ၁၉၆၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၀၂၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၃၄၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီ တာလျှင် ၂၃၂၀ ကျပ်တို့ဖြစ်သည်။

 


READ NEXT
Cancel OK