Top News

သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်သစ်ရပ်ကွက်တွင် အမျိုးသားနှစ်ဦး လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရ
24htopnews | September 14, 2024 5:12 PM CST

သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်သစ်ရပ်ကွက်၊ အောင်ဇေယျ(၅)လမ်းထိပ်တွင် အမျိုးသားနှစ်ဦး လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရမှု ဇူလိုင် ၇ ရက် နံနက် ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း အဆိုပါရပ်ကွက်နေသူများထံမှ သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် အမျိုးသားနှစ်ဦး ရာအိမ်မှူးများဖြစ်ကြောင်း ကနဦးသိရပြီး အောင်ဇေယျလမ်းမကြီးနှင့် အောင်ဇေယျ(၅)လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်တွင်  ထိုင်နေစဉ် အမည်မသိသူအချို့က သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

သေနတ်ပစ်ခတ်ဒဏ်ရာများ ရရှိခဲ့သော အဆိုပါအမျိုးသားနှစ်ဦးကို သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း၊ ထပ်မံသိရသောပြောကြားမှုများအရ နှစ်ဦးစလုံး သေဆုံးဖွယ်ရှိကြောင်း ယင်းရပ်ကွက်၊ အောင်ဇေယျလမ်းမကြီးတွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားသည့်နေရာဖြစ်သော လက်ဖက်ရည်ဆိုင်အား ယာယီပိတ်ထားကြောင်း သိရသည်။

 


READ NEXT
Cancel OK