Top News

အင်တာမီလန်အသင်းသည် ပြီးခဲ့သည့်ရာသီကထက် ပိုကောင်းလာကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာ ပြောကြား
24htopnews | September 14, 2024 4:12 PM CST

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲပြိုင်ဘက် အင်တာမီလန်အသင်းသည် ပြီးခဲ့သည့်ရာသီကထက် ပိုကောင်းလာကြောင်း ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အင်တာမီလန်အသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။

အင်တာမီလန်အသင်းသည် ပြီးခဲ့သည့်ရာသီက စီးရီးအေပြိုင်ပွဲတွင် အဆင့် (၃) သာ ရရှိခဲ့သော်လည်း ယခုရာသီ စီးရီးအေပွဲစဉ် (၂၆) အပြီးတွင် ရမှတ် (၆၉) မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေပြီး အဆင့် (၂) မှ ဂျူဗင်တပ်စ်အသင်း(၅၇ မှတ်)ကို (၁၂) မှတ်ဖြတ်ထားသည်။

ထို့ကြောင့် ဂွါဒီယိုလာက ''အင်တာမီလန်ကို ကြည့်လိုက်မယ်ဆိုရင် သူတို့ဟာ စီးရီးအေပြိုင်ပွဲမှာ ပြိုင်ဘက်တွေထက် အရမ်းကို ကောင်းနေတယ်။ ပြီးခဲ့တဲ့ရာသီက ဗိုလ်လုပွဲမှာ အင်တာမီလန်ကို ကျွန်တော်တို့ အနိုင်ရခဲ့ပေမဲ့ အခုရာသီမှာ သူတို့ပိုအင်အားတောင့်တင်းလာပြီး ပိုကောင်းလာတယ်။ စီးရီးအေမှာ ထူးဆန်းတာတွေ မဖြစ်ဘူးဆိုရင် သူတို့ ဖလားရမှာ သေချာပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ်မှာ သူတို့ကို သတိထားရမှာပါ''ဟု ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK