Top News

ဆော်ဒီပရိုလိဂ်သည် စိတ်လှုပ်ရှားစရာကောင်းကြောင်း ရူဘင်နေးဗက်စ် ပြောကြား
24htopnews | September 14, 2024 4:12 PM CST

အယ်ဟီလာကွင်းလယ်ကစားသမား ရူဘင်နေးဗက်စ်က ဆော်ဒီပရိုလိဂ်သည် စိတ်လှုပ်ရှားစရာကောင်းသည့် လိဂ်ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပေါ်တူဂီကွင်းလယ်ကစားသမား ရူဘင်နေးဗက်စ်(၂၆ နှစ်)သည် ပြီးခဲ့သည့်နွေက ဝုလ်ဗ်အသင်းမှ အယ်လ်ဟီလာအသင်းထံသို့ ယူရို (၅၅)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

ရူဘင်နေးဗက်စ်က ''ကျွန်တော်ဟာ တစ်နေ့မှာ ဥရောပကို ပြန်လာပြီး ထိပ်တန်းအဆင့်မှာ ကစားနိုင်စွမ်း ရှိနေဆဲပါပဲ။ ဒါပေမဲ့ ရိုးသားစွာဝန်ခံရမယ်ဆိုရင် အခုလောလောဆယ်တော့ ဥရောပကို ပြန်လာကစားဖို့ အစီအစဉ်မရှိသေးပါဘူး။ အခုအတိုင်းဆိုရင် လာမယ့် (၂) နှစ်အတွင်း ဆော်ဒီပရိုလိဂ်ဟာ အရေးအကြီးဆုံးလိဂ်တွေထဲက တစ်ခုဖြစ်လာမှာပါ။ ထိပ်တန်းကစားသမားတွေလည်း ထပ်ပြီးရောက်လာပါလိမ့်မယ်''ဟု ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK