Top News

ရေဘေးသင့်ဒေသများမှ ATOM သုံးစွဲသူများအတွက် အခမဲ့ ဖုန်းပြောဆိုခွင့် မိနစ် ၅၀၀ နှင့် စာတို (SMS) အစောင် ၅၀၀ အခမဲ့ပေးထား
24htopnews | September 14, 2024 12:12 PM CST

ရေဘေးဒဏ်ကြုံတွေ့နေရသည့် ဒေသများရှိ သုံးစွဲသူများအတွက် အခမဲ့ဖုန်းပြောဆိုခွင့် မိနစ် ၅၀၀ နှင့် စာတို (SMS) အစောင် ၅၀၀ ကို ATOM က အခမဲ့ပေးအပ်ထားကြောင်း သိရသည်။

စက်တင်ဘာလဆန်းပိုင်းမှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်း)၊ နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားကာ စက်တင်ဘာလ (၁၀) ရက်မှ စတင်၍ ဆက်သွယ်ရေးဝန်ဆောင်မှုအချို့ အခက်အခဲဖြစ်ပေါ်လျက်ရှိနေခြင်း ဖြစ်သည်။

ထို့ကြောင့် ရေကြီးရေလျှံနေရာဒေသများမှ အက်တမ်အသုံးပြုသူများ တစ်ဦးနှင့်တစ်ဦး အဆက်အသွယ်မပြတ်စေရန်နှင့် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် အက်တမ်မှ တယ်လီကွန်းဝန်ဆောင်မှုများကို ဆောင်ရွက်ပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဝန်ဆောင်မှုများကို စက်တင်ဘာ (၁၄)ရက်မှ စတင်ကာ (၅) ရက်အတွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး ဆက်သွယ်ရေးဝန်ဆောင်မှုများ ပုံမှန်အတိုင်း ပြန်လည်ရရှိစေရန် အမြန်ဆုံး လုပ်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။


READ NEXT
Cancel OK