Top News

ကိုရီးယားနှင့် မြန်မာအနုပညာရှင်များပါဝင်မည့် Korea Myanmar Music Concert မတ် ၁၀ ရက်တွင်ပြုလုပ်မည်
24htopnews | September 14, 2024 12:12 PM CST

ကိုရီးယားနှင့်မြန်မာထိပ်တန်း တေးသံရှင်များပါဝင်မည့် Korea Myanmar Music Concert ကို မတ် ၁၀ ရက်တွင် ရန်ကုန်မြို့ပြည်သူ့ရင်ပြင်၌ ကျင်းပရန်စီစဉ်ထားသည်ဟု သိရသည်။ ယင်းဂီတဖျော်ဖြေပွဲတွင်ပါဝင်မည့် ကိုရီးယားနှင့် မြန်မာအနုပညာရှင်များအား ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

Korea Myanmar Music Concert တွင် တေးသံရှင်ဝေလနှင့် နီနီခင်ဇော်တို့ ပါဝင်တင်ဆက်မည် ဖြစ်သည်။ ကိုရီးယားနိုင်ငံမှ ထိပ်တန်းအမျိုးသမီးတေးသံရှင်တစ်ဦးဖြစ်သည့် Baek Ji Young ၊ ကိုရီးယားမြန်မာ ရုပ်ရှင်ပွဲတော်တွင် လာရောက်ဖျော်ဖြေခဲ့သည့် ကိုရီးယားတေးသံရှင် Hwang Soe in ၊ မြန်မာနိုင်ငံတွင် လာရောက်ဖျော်ဖြေခဲ့ဖူးသည့် EDM Festival များတွင်ထင်ရှားသူ DJ Ivy တို့ပါဝင်တင်ဆက်မည် ဖြစ်သည်။

ကိုရီးယားထိပ်တန်းတေးသံရှင် Baek Ji Young မှာ Secret Garden ၊ Iris ၊ Mister Sunshine၊ Moon Light down by clouds စသည့် ဒရာမာရုပ်သံဇာတ်လမ်းတွဲများ၌ original sound track ဇာတ်ဝင်တေးသီချင်းများသီဆိုခဲ့သူ ဖြစ်သည်။ ကိုရီးယားတေးသံရှင် Hwang Soe In မှာဒီဇင်ဘာလ အတွင်းကျင်းပခဲ့သည့် ကိုရီးယားမြန်မာ ရုပ်ရှင်ပွဲတော်၌ လာရောက်ဖျော်ဖြေတင်ဆက်ကာ အသံအားကောင်းသူတစ်ဦးအဖြစ် အသိအမှတ်ပြုမှု ရရှိထားသူလည်း ဖြစ်သည်။ DJ Ivy မှာ EDM Festival များတွင် ထင်ရှားသူတစ်ဦးဖြစ်ပြီး Asia Tour အဖြစ် ဂျပန်၊ ဟောင်ကောင်၊ မလေးရှား၊ ထိုင်ဝမ်၊ တရုတ် နှင့် မြန်မာနိုင်ငံများတွင် လာရောက်ဖျော်ဖြေဖူးသူဖြစ်သည်။    

Korea Myanmar Music Concert ကို မတ်လဆန်းတွင် ရန်ကုန်မြို့၌ကျင်းပမည့် Korea Day အထိမ်းအမှတ်အဖြစ် ပါဝင်တင်ဆက်ခြင်းဖြစ်ကာ ကိုရီးယားထိပ်တန်းတေးသံရှင်များနှင့် မြန်မာတေးသံရှင်များ ယှဉ်တွဲတင်ဆက်ခြင်း ဖြစ်သည်။ မတ် ၉ ရက်တွင်လည်း Korea OST Music Contest ကို ပြုလုပ်မည်ဖြစ်ကာ ကိုရီးယားဇာတ်ကားများ၏ ဇာတ်ဝင်တေးသီချင်းများဖြင့် သီဆိုယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သိရသည်။  

 


READ NEXT
Cancel OK