Top News

မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် တရုတ်နိုင်ငံ၌ ကျင်းပမည့် Joy Master ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်
24htopnews | September 14, 2024 2:12 AM CST

ယင်းပြိုင်ပွဲကို စက်တင်ဘာ ၂ ရက်မှ ၁၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး တရုတ်ကစားသမားအများစု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဘုန်းမြင့်ကျော်အနေဖြင့် Elite Tour တတိယဇုန်ပြိုင်ပွဲအပြီးတွင်  ယခုပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ယခုနောက်ပိုင်းတွင် ပြိုင်ပွဲများဆက်တိုက် ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

မြန်မာ Pool ကစားသမား ဘုန်းမြင့် ကျော် (ခ) မောင်မောင် (ခ) အားတီသည် တရုတ်နိုင်ငံ၌ကျင်းပမည့် Joy Master ပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို စက်တင်ဘာ ၂ ရက်မှ ၁၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး တရုတ်ကစားသမားအများစု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဘုန်းမြင့်ကျော်အနေဖြင့် Elite Tour တတိယဇုန်ပြိုင်ပွဲအပြီးတွင်  ယခုပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ယခုနောက်ပိုင်းတွင် ပြိုင်ပွဲများဆက်တိုက် ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

 "Elite Tour ပြိုင်ပွဲအပြီးမှာ Joy Master ပြိုင်ပွဲဆက်လက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ကျွန်တော့်အတွက် အောင်မြင်မှုရဖို့နဲ့ အတွေ့အကြုံရဖို့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒီနှစ်ထဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ပြိုင်ပွဲတွေမှာ အောင်မြင်မှုရခဲ့တဲ့ပြိုင်ပွဲတွေရှိသလို ကျရှုံးခဲ့တဲ့ပြိုင်ပွဲတွေလည်း ရှိပါတယ်။ ကျွန်တော်ကတော့ ပြိုင်ပွဲတွေကို သင်ခန်းစာယူပြီး နောက်ထပ်ပြိုင်ပွဲတွေ ထပ်မံယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်" ဟု ဘုန်းမြင့်ကျော်က Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

ဘုန်းမြင့်ကျော်သည် ဧပြီကတည်းက တရုတ်နိုင်ငံ၌ ပြိုင်ပွဲများဆက်တိုက်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး အဓိကပြိုင်ပွဲများအပြင် ဖိတ်ခေါ်ပြိုင်ပွဲများလည်း ယှဉ်ပြိုင်ခဲ့သည်။ ဧပြီမှ သြဂုတ်အထိ ပြိုင်ပွဲပေါင်း ၁၀ ပွဲအထက် ဝင်ရောက်ယှဉ်ပြိုင်ထားပြီး တရုတ်နိုင်ငံ၏ ထိပ် တန်း Pool ကစားသမားများသာ ယှဉ်ပြိုင်ခွင့်ရသည့် Chinese 8 Ball ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ ဘုန်းမြင့်ကျော်သည် ယင်းပြိုင်ပွဲတွင် စတုတ္ထနေရာရ ခဲ့ပြီး နောက်ထပ်အဓိကပြိုင်ပွဲဖြစ်သည့် Elite Tour 2020 ပြိုင်ပွဲတွင်လည်း ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။ ယင်းပြိုင်ပွဲတွင် ဇုန် ပြိုင်ပွဲသုံးခု ယှဉ်ပြိုင်ထားပြီး နောက်ဆုံးဇုန် ပြိုင်ပွဲသာ ယှဉ်ပြိုင်ရန် ကျန်ရှိတော့သည်။

ဘုန်းမြင့်ကျော်သည် လက်ရှိဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန်မလွယ်ကူသေးဘဲ  တရုတ်နိုင်ငံ၌ ဆက်လက်နေထိုင်ရမည်ဖြစ် ပြီး ပြိုင်ပွဲများဆက်တိုက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဘုန်းမြင့်ကျော်သည် လာမည့်ဗီယက် နမ်ဆီးဂိမ်းစ်ပြိုင်ပွဲတွင်လည်း မြန်မာ Pool အဖွဲ့ကို ဦးဆောင်ယှဉ်ပြိုင်ရဖွယ်ရှိကြောင်း သိရသည်။ 


READ NEXT
Cancel OK