Top News

ရိုးမားအသင်းတိုက်စစ်မှူး ပတ်ထရစ်ရှစ်ခ် လေဗာကူဆင်သို့  ပြောင်းရွှေ့ရန် နီးစပ်
24htopnews | September 14, 2024 2:12 AM CST

ပတ်ထရစ်ရှစ်ခ်သည် ပြီးခဲ့သည့်ရာသီက လိုက်ပ်ဇစ်အသင်းတွင် အငှားလာကစားခဲ့ကာ ခြေစွမ်းပြခဲ့သည်။ ၎င်းသည် လိုက်ပ်ဇစ် အသင်းအတွက် (၂၈)ပွဲကစားကာ (၁၀)ဂိုးသွင်း၊ (၂)ဂိုး ဖန်တီးပေးနိုင်ခဲ့သည်။

ရိုးမားအသင်း၏ ချက်တိုက်စစ်မှူး ပတ်ထရစ်ရှစ်ခ်သည် ဘွန်ဒစ်လီဂါကလပ် လေဗာကူဆင်အသင်းသို့ ပြောင်းရွှေ့ရန် နီးစပ်နေပြီဖြစ်ကြောင်း ဂျာမနီ သတင်းရင်းမြစ်များစွာက ဖော်ပြခဲ့သည်။ 

ပတ်ထရစ်ရှစ်ခ်သည် ပြီးခဲ့သည့်ရာသီက လိုက်ပ်ဇစ်အသင်းတွင် အငှားလာကစားခဲ့ကာ ခြေစွမ်းပြခဲ့သည်။ ၎င်းသည် လိုက်ပ်ဇစ် အသင်းအတွက် (၂၈)ပွဲကစားကာ (၁၀)ဂိုးသွင်း၊ (၂)ဂိုး ဖန်တီးပေးနိုင်ခဲ့သည်။ သို့ရာတွင် လိုက်ပ်ဇစ်အသင်းသည် ပတ်ထရစ်ရှစ်ခ်အား အပြီးသတ်ခေါ်ယူခြင်းမပြုခဲ့ပေ။ 

ထို့ကြောင့် လေဗာကူဆင်အသင်းက ပတ်ထရစ်ရှစ်ခ်ကို ခေါ်ယူရန် ကြိုးပမ်းလာခဲ့ပြီး နောက်ဆုံးအဆင့်ဆွေးနွေးမှုများသို့ ရောက်ရှိနေပြီဖြစ်သည်။ လေဗာကူဆင်အသင်းသည်  ပတ်ထရစ်ရှစ်ခ်အတွက် ယူရို(၂၂)သန်းကျော် ကုန်ကျဖွယ် ရှိသည်။


READ NEXT
Cancel OK