Top News

မဇ္စျိမဂုဏ်ရည်ဆရာတော်က အလှူငွေ ကျပ်သိန်း ၁၀၀၀ မတည်ပြီး ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမည်
24htopnews | September 14, 2024 2:12 AM CST

မဇ္စျိမဂုဏ်ရည်ဆရာတော်ဒေါက်တာဘဒ္ဒန္တကောဝိဒက အလှူငွေ ကျပ်သိန်း ၁၀၀၀ မတည်ပြီး ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမည်ဖြစ်ကြောင်းသိရသည်။

ထိုသို့လှူဒါန်းရာတွင် ဆရာတော်က ကျပ်သိန်း ၅၀၀ မတည်ကာ ဆရာတော်ဦးဆောင်သော မဇ္ဈိမပရဟိတသာသနာပြုဥပတ္ထမ္ဘကအဖွဲ့ကြီးက ကျပ်သိန်း ၅၀၀ စုစုပေါင်း မတည်ငွေ ကျပ်သိန်း ၁၀၀၀ ဖြင့် ကူညီလှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆရာတော်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရေဘေးအလှူအတွက် ရွှေနဒီရွှေရည်ကုမ္ပဏီလီမိတက်က ကျပ်သိန်း ၁၅၀၊ မြအဏ္ဏဝါပွဲရုံမိသားစု ကျပ်သိန်း ၁၀၀၊ ဖျာပုံမြို့မှ ဂဠုန်မင်းစိန်ရွှေဆိုင်က ကျပ်သိန်း ၅၀၊ ဒေါက်တာယုယုထွေးမိသားစုကျပ်သိန်း ၅၀၊ EMPEROR DUMPLINGS, U.S.A မိသားစုက အမေရိကန်ဒေါ်လာ ၁၀၀၀၊  ဒေါက်တာမျိုးလွင်-ဒေါ်စန်းစန်းဝေ U.S.A မိသားစုက အမေရိကန်ဒေါ်လာ ၁၀၀၀၊  အပါအဝင် တစ်ဦးချင်းလှူဒါန်းသူ အများအပြားလည်း ဆရာတော်ကြီး၏ ဦးဆောင်သည့် မဇ္ဈိမပရဟိတသာသနာပြုဥပတ္ထမ္ဘကအဖွဲ့ကြီးသို့  ပေးပို့လှူဒါန်းထားကြောင်း ဆရာတော်၏ လူမှုကွန်ရက် ပေ့ချ်တွင်ဖော်ပြထားသည့် အလှူရှင်စာရင်းများအရ သိရသည်။

ယင်းလှူဒါန်းငွေများကို ရေဘေးသင့်ဒေသများသို့ မဇ္ဈိမပရဟိတသာသနာပြုဥပတ္ထမ္ဘကအဖွဲ့ကြီးက ကိုယ်တိုင်သွားရောက်လှူဒါန်းမည်ဖြစ်ပြီး အချို့သောနေရာများတွင် ဒေသခံဦးဆောင်သူများနှင့် ဆက်သွယ်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။



 


READ NEXT
Cancel OK