Top News

ကိုရီးယား လဝက၏ အကြမ်းဖက် ဖမ်းဆီးမှုကြောင့် သေဆုံးခဲ့သည့် မြန်မာအလုပ်သမား၏ ကျန်ရစ်သူ မိသားစုဝင်များအား ပြန်လည် တောင်းပန်ရန် ဆိုးလ်မြို့တွင် တောင်းဆို
24htopnews | September 13, 2024 3:12 PM CST

ကိုရီးယား လဝက အကြမ်းဖက်ဖမ်းဆီးမှုကြောင့် သေဆုံးသွားသော မြန်မာအလုပ်သမား၏ ကျန်ရစ်သူ မိသားစုဝင်များကို ပြန်လည်တောင်းပန်ရေး ရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၁၀ နာရီခွဲခန့်က ဆိုးလ်မြို့ရှိ တရားရေးဝန်ကြီးဌာနရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာအလုပ်သမား လူမှုဖူလုံရေးစင်တာ(ကိုရီးယား)၊ လူ့အခွင့်အရေးနှင့် ရွှေ့ပြောင်းလုပ်သားဆိုင်ရာ အဖွဲ့အစည်းများနှင့် ဒီမိုကရက်တစ် အလုပ်သမားသမဂ္ဂပေါင်းချုပ်တို့က မြန်မာအလုပ်သမား ကိုသန်းဇော်ဌေး သေဆုံးရသည့် ကိစ္စနှင့်ပတ်သက်၍ တရားရေး ဝန်ထမ်းများအား အရေးယူရေး၊ အကြမ်းဖက်ဖမ်းဆီးမှု မပြုရေး၊ ကျန်ရစ်သူ မိသားစုဝင်များအား တောင်းပန်ရေး စသည်တို့ကို တရားရေးဝန်ကြီးဌာနမှ အပြည့်အဝ လိုက်နာရန် ထိုရှင်းလင်းတောင်းဆိုပွဲတွင် တိုက်တွန်းခဲ့ကြောင်း မြန်မာအလုပ်သမား လူမှုဖူလုံရေးစင်တာ (ကိုရီးယား) မှ သိရသည်။

 ကိုရီးယား လူ့အခွင့်အရေး ကော်မရှင်မှ ကိုသန်းဇော်ဌေး အမှုအား ၎င်းတို့ လုပ်ပိုင်ခွင့်ဖြင့် စစ်ဆေးပြီးနောက် ဖေဖော်ဝါရီ ၁၃ ရက်တွင် လူဝင်မှုကြီးကြပ်ရေးဌာနတွင် အပြည့်အဝ တာဝန်ရှိကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 ယင်းကြေညာချက်တွင် တာဝန်ရှိ လဝက ဝန်ထမ်းများအား အရေးယူရန်၊ လဝက ဝန်ထမ်းများအား လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး သင်ကြားခြင်းများ ပြုလုပ်ရန်၊ ရက်လွန်နေထိုင်သူများကို ဖမ်းဆီးရာတွင် အန္တရာယ်ကင်းစေမှုအား ဦးစားပေး ဆောင်ရွက်သည့် အချက်များပါဝင်သည့် လမ်းညွှန်များ ချမှတ်ထားရန်၊ နစ်နာရသူများနှင့် မိသားစုဝင်များ၏ အခွင့်အရေးအား ကာကွယ်ပေးသည့် ဥပဒေများပြဋ္ဌာန်းရန် စသည့်အချက်များ ပါဝင်သည်။

တရားရေးဝန်ကြီးဌာနမှ လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်စာအား ရက် ၉၀ အတွင်း ပြန်လည်တုံ့ပြန်ရန် စီစဉ်နေကြောင်း မြန်မာအလုပ်သမားလူမှုဖူလုံရေးစင်တာ (ကိုရီးယား) မှ သိရသည်။

သြဂုတ်လအတွင်းက ကိုရီးယား လဝက၏ အကြမ်းဖက်ဖမ်းဆီးမှုကို ရှောင်ပြေးရင်း ကိုရီးယားရောက် မြန်မာအလုပ်သမား ကိုသန်းဇော်ဦး၂၆ သည် ဆောက်လုပ်ရေးလုပ်ငန်းရှိ ရှစ်မီတာအနက် မြေအောက်သို ့ပြုတ်ကျခဲ့ကြောင်း သိရသည်။ ထိုသို့ပြုတ်ကျခဲ့ခြင်းကြောင့် ကိုသန်းဇော်ဌေးမှာ ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရခဲ့သည့်အပြင် ပြုတ်ကျခဲ့ချိန်တွင် ကယ်ဆယ်ရန် ကြန် ့ကြာခဲ့ရပြီး ဆေးရုံတွင် နှစ်ပတ်ကြာ သတိမေ့မြောခဲ့ကာ သေဆုံးခဲ့ကြောင်း သိရသည်။

၎င်းသေဆုံးမှုကြောင့်  စက်တင်ဘာလတွင် ကိုရီးယားရောက် မြန်မာများ၊ ရွှေ့ပြောင်း အလုပ်သမားများ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများနှင့် ကိုရီးယားများ စုစုပေါင်း လူ ၃၀၀ ကျော်က  အင်ချွန်းမြို့ရှိ ဘူဖြောင်းဘူတာရုံရှေ့တွင် ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

           


READ NEXT
Cancel OK