Top News

ဘရာဇီးလ်နည်းပြရာထူးအတွက် အေဘယ်လ်ဖာရဲရား ရေပန်းစားနေ
24htopnews | September 13, 2024 2:12 PM CST

ဘရာဇီးလ်လက်ရွေးစင်အသင်း၏ နည်းပြရာထူးအတွက် ပါးလ်မီးရပ်စ်အသင်းမှ ပေါ်တူဂီနည်းပြ အေဘယ်လ်ဖာရဲရားက ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။

ဘရာဇီးလ်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် နည်းပြ ထိထီက ရာထူးမှ နုတ်ထွက်သွားခဲ့သည်။

ထို့ကြောင့် နည်းပြသစ် အစားထိုးခန့်အပ်ရန် စီစဉ်နေပြီဖြစ်ရာ အေဘယ်လ်ဖာရဲရားက ရေပန်းအစားဆုံးဖြစ်နေခြင်းဖြစ်သည်။

မီဒီယာအချို့ကမူ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်သည် အခြားနည်းပြများကိုလည်း လျာထားစာရင်းတွင် ထည့်သွင်းထားပြီး ၎င်းတို့ စိတ်ဝင်စားနေသည့် နည်းပြများထဲတွင် ချယ်လ်ဆီးနည်းပြဟောင်း သောမတ်စ်တူဟယ်လ်လည်း ပါဝင်နေကြောင်း ဖော်ပြခဲ့သည်။

 


READ NEXT
Cancel OK