Top News

မော်ရိုကိုအသင်း နိုင်ပွဲနှင့် ထိုက်တန်သည်ဟု ဘရူနိုဖာနန်ဒက်စ် ဆို
24htopnews | September 13, 2024 2:12 PM CST

ပေါ်တူဂီလက်ရွေးစင်အသင်း၏ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က မော်ရိုကိုအသင်းသည် နိုင်ပွဲနှင့် ထိုက်တန်သည်ဟု ဂုဏ်ပြုပြောကြားခဲ့သည်။

ဘရူနိုဖာနန်ဒက်စ်က ''ကျွန်တော် မော်ရိုကိုအသင်းကို ဂုဏ်ပြုစကားပြောချင်ပါတယ်။ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့တာအတွက်ရော၊ ကမ္ဘာ့ဖလားဆီမီးဖိုုင်နယ်အဆင့်ကို ထိုက်ထိုက်တန်တန်တက်လှမ်းသွားတဲ့အတွက်ရောပါ''ဟု ဆိုခဲ့သည်။

ဘရူနိုဖာနန်ဒက်စ်က အိပ်မက်များ ပြိုကျပျက်စီးသွားသည့်အတွက် ဝမ်းနည်းရသော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပေါ်တူဂီနိုင်ငံအား ကိုယ်စားပြုကစားခဲ့ရသည့်အတွက် ဂုဏ်ယူကြောင်းလည်း Twitter တွင် ရေးသားခဲ့သည်။


READ NEXT
Cancel OK