Top News

စပိန်လက်ရွေးစင်အသင်းမှ ဘူးစကွက်စ်အနားယူရန် နီးစပ်နေပြီး ၂၀၂၂-၂၃ ရာသီ UEFA Nations League ပြိုင်ပွဲမတိုင်မီ ဆုံးဖြတ်သွားမည်
24htopnews | September 13, 2024 2:12 PM CST

စပိန်လက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင်ဖြစ်သူ ၀ါရင့်ကွင်းလယ်လူ ဘူးစကွက်စ်သည် စပိန်လက်ရွေးစင်အသင်း ၂၀၂၂ ကမ္ဘာ့ဖလား ရှုံးထွက် (၁၆)သင်းအဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် ၎င်း၏ လက်ရွေးစင်ကစားသမားဘဝကို အဆုံးသတ်ရန် စီစဉ်နေပြီး လာမည့် ၂၀၂၃ ခုနှစ်တွင် ဆုံးဖြတ်ချက်ချမှတ်သွားမည်ဖြစ်ကြောင်းသိရသည်။

အသက် (၃၄)နှစ်အရွယ်ရှိ ဘာစီလိုနာဝါရင့်ကွင်းလယ်လူ ဘူးစကွက်စ်သည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်အသင်းအား အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခွင့်ရခဲ့သော်လည်း စပိန်အသင်းမှာ ရှုံးထွက် (၁၆) သင်းအဆင့်တွင် မော်ရိုကိုအား ပယ်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရသလို၊ ယင်းပွဲတွင် ဘူးစကွက်စ်၏ ပယ်နယ်တီကန်သွင်းမှုမှာလည်း ဂိုးမဝင်ခဲ့ပေ။

ထို့ပြင် စပိန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက် ချက်ချင်းဆိုသလိုပင် နည်းပြဖြစ်သူ အင်းနရစ်က အသင်းနှင့် လမ်းခွဲခဲ့ ပြီးယင်းအခြေအနေမှာလည်း ဘူးစကွက်စ်အတွက် စိတ်ပျက်စရာဖြစ်စေခဲ့ကြောင်းသိရသည်။

ဘူးစကွက်စ်သည် စပိန်လက်ရွေးစင်အသင်းနည်းပြဟောင်း အင်းနရစ်နှင့် ရင်းနှီးသောဆက်ဆံရေးရှိသူဖြစ်ပြီး ဘာစီလိုနာအသင်းတွင် လက်တွဲကာ အောင်မြင်မှုများရယူခဲ့သလို စပိန်လက်ရွေးစင်အသင်းတွင်လည်း အင်းနရစ်၏ အဓိကယုံကြည်အားကိုးသူဖြစ်ခဲ့သည်။

ဘူးစကွက်စ်သည် စပိန်အသင်း ပါဝင်ယှဉ်ပြိုင်မည့် ၂၀၂၂-၂၃ ရာသီ UEFA Nations League ဆီမီးဖိုင်နယ်ပွဲစဉ်များမတိုင်မီ ၎င်း၏အနာဂတ်ကို ဆုံးဖြတ်သွားမည်ဖြစ်ပြီး စပိန်အသင်းနည်းပြသစ် ဒယ်လာဖွမ်တေ၏ ဆုံးဖြတ်ချက်မှာလည်း အဓိကကျဖွယ်ရှိနေသည်။


READ NEXT
Cancel OK