Top News

"ဘရာဇီးလ်နဲ့ပွဲကအတိုင်း ကစားနိုင်ခဲ့ရင် မက်ဆီကိုလည်း ကျွန်တော်တို့ ထိန်းချုပ်နိုင်မှာပါ"
24htopnews | September 13, 2024 2:12 PM CST

ခရိုအေးရှားအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား (၁၆) သင်း ရှုံးထွက်အဆင့်ပွဲစဉ်မှာ ဂျပန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့သလို ကွာတားဖိုင်နယ်မှာလည်း ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းဖြစ်တဲ့ ဘရာဇီးလ်ကိုလည်း ပယ်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရခဲ့ပါတယ်။ လူဦးရေ (၃.၅) သန်းကျော်သာရှိတဲ့ ခရိုအေးရှားနိုင်ငံဟာ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ကို (၃)ကြိမ်မြောက် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး၂၀၁၈ ကမ္ဘာ့ဖလားမှာလည်း ဗိုလ်လုပွဲအထိ တက်ရောက်ထားပါတယ်။ ခရိုအေးရှားက ဆီးမီးဖိုင်နယ်မှာ ၂၀၁၈ ကမ္ဘာ့ဖလား အုပ်စုတုန်းက တွေ့ဆုံခဲ့ဖူးတဲ့ အာဂျင်တီးနားနဲ့ ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီအချိန်ကတော့ (၃)ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ အာဂျင်တီးနားနဲ့ ဆီမီးဖိုင်နယ် မကစားခင် ခရိုအေးရှားလက်ရွေးစင်အသင်းနည်းပြ  ဒါလစ်ရဲ့ ဒီပြိုင်ပွဲအပေါ်  ရင်ခုန်သံတွေကို ဖော်ပြလိုက်ပါတယ် . . .


READ NEXT
Cancel OK