Top News

ထိုင်းနိုင်ငံသို့သွားရောက်နေထိုင်လေ့ကျင့်ခဲ့သည့် မြန်မာ ယူ-၁၈ ဖူဆယ်အသင်း ခြေစမ်းပွဲ ခြောက်ပွဲကစားခဲ့ရာ တစ်ပွဲသရေ၊ ငါးပွဲရှုံးနိမ့်
24htopnews | September 13, 2024 2:12 PM CST

ထိုင်းနိုင်ငံသို့သွားရောက်နေထိုင်လေ့ကျင့်ခဲ့သည့် မြန်မာ ယူ-၁၈ ဖူဆယ်အသင်းသည် ခရီးစဉ်အတွင်း ခြေစမ်းပွဲခြောက်ပွဲ ကစားခဲ့ရာ တစ်ပွဲသရေ၊ ငါးပွဲရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

မြန်မာ ယူ-၁၈ ဖူဆယ်အသင်းသည် နိုင်ငံတကာပြိုင်ပွဲများအတွက် ပြင်ဆင်မှုအနေဖြင့် ထိုင်းနိုင်ငံတွင် နေထိုင်လေ့ကျင့်ပြီး ခြေစမ်းပွဲ(၆) ပွဲ ကစားရန် ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်က ရန်ကုန်မြို့မှ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

မြန်မာ ယူ-၁၈ ဖူဆယ်အသင်းသည် ဒီဇင်ဘာ ၃ ရက်က ပထမခြေစမ်းပွဲအဖြစ် Imane Thailand U-18 All Star အသင်းနှင့် ယှဉ်ပြိုင်ကစားရာ(၀-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

မြန်မာ ယူ-၁၈ ဖူဆယ်အသင်းသည် ဒီဇင်ဘာ ၄ ရက်က ဒုတိယခြေစမ်းပွဲအဖြစ် Nakorn Nont U-18 အသင်းနှင့် ယှဉ်ပြိုင်ကစားရာ(၁-၁၀) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

မြန်မာ ယူ-၁၈ ဖူဆယ်အသင်းသည် ဒီဇင်ဘာ ၅ ရက်က တတိယခြေစမ်းပွဲအဖြစ် RMUTR တက္ကသိုလ်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ(၃-၃) ဂိုးဖြင့် သရေကျခဲ့ကြောင်း သိရသည်။

မြန်မာ ယူ-၁၈ ဖူဆယ်အသင်းသည် ဒီဇင်ဘာ ၇ ရက်က စတုတ္ထခြေစမ်းပွဲအဖြစ် ဘန်ကောက် BTS  အသင်းနှင့် ယှဉ်ပြိုင်ကစားရာ(၀-၄) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

မန်မာ ယူ-၁၈ ဖူဆယ်အသင်းသည် ယင်းနေ့တွင် ဘန်ကောက် BTS  လူငယ်အသင်းနှင့် မိနစ်(၃၀) သာ ကြာမြင့်သည့် လေ့ကျင့်ရေးခြေစမ်းပွဲမျိုး ကစားရာတွင်မူ(၅-၅) ဂိုးဖြင့် သရေကျခဲ့သည်။

မန်မာ ယူ-၁၈ ဖူဆယ်အသင်းသည် ဒီဇင်ဘာ ၉ ရက်က ငါးပွဲမြောက်ခြေစမ်းပွဲအဖြစ် သွန်းဘူရီတက္ကသိုလ်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ (၁-၄) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

မြန်မာ ယူ-၁၈ ဖူဆယ်အသင်းသည် ဒီဇင်ဘာ ၁၁ ရက်က နောက်ဆုံးခြေစမ်းပွဲအဖြစ် Imane Thailand U-18 All Star အသင်းနှင့် ယှဉ်ပြိုင်ကစား ရာ(၀-၆) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

မြန်မာ ယူ-၁၈ ဖူဆယ်အသင်းသည်  Imane Thailand U-18 All Star အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး နှစ်ပွဲစလုံး ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။

မြန်မာ ယူ-၁၈ ဖူဆယ်အသင်းသည်  ဒီဇင်ဘာ ၁၂ ရက်က ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ယခုလအတွင်း စတင်ကျင်းပမည့် ဖူဆယ်လိဂ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ကာ ကာလရှည် စခန်းဝင်လေ့ကျင့်ရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာ ယူ-၁၈ ဖူဆယ်အသင်းကို နည်းပြချုပ်အဖြစ် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းနည်းပြချုပ်ဖြစ်သူ ဘန်လက်ချာယိုဝန်က ပူးတွဲတာဝန်ယူနေလျက်ရှိသည်။ 


READ NEXT
Cancel OK