အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ အပါအဝင် အစိုးရတက္ကသိုလ် အသီးသီးတွင် အဆင့်မြင့်ပညာရပ်များ တက်ရောက်သင်ကြားမည့် ကျောင်းသားကျောင်းသူများအတွက် အတိုးနည်းပါးသည့် ပညာရေးဆိုင်ရာ ချေးငွေအစီအစဉ်များ ရေးဆွဲ အကောင်အထည်ဖော်ပေးရန် အဆိုအား စက်တင်ဘာ ၅ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ပြန်လည် ရှင်းလင်းခဲ့ပြီး အဆိုအား မှတ်တမ်းအဖြစ် ထားရှိရန် တင်ပြခဲ့သည်။
သို့ရာတွင် အဆိုရှင် ဒေါ်ထုမေက လွှတ်တော်၏ ဆန္ဒအား ခံယူမည်ဆိုသည့်အတွက် မဲခွဲဆုံးဖြတ်ရာတွင် ကန့်ကွက်သူများသဖြင့် အဆိုအား အတည်မပြုခဲ့ခြင်း ဖြစ်သည်။
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ယခုအဆိုသည် ကျောင်းသားကျောင်းသူများအတွက် စေတနာနှင့် တင်သည့်အဆိုဟု ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုပါကြောင်း၊သို့သော် လုပ်ထုံးလုပ်နည်းအနေဖြင့် စဉ်းစား ဆောင်ရွက်ရမယ့်အချက်၊ လိုအပ်သည့်အချက်၊ ပြင်ဆင်ရမည့်အချက်၊ ဥပဒေ၊ နည်းဥပဒေများ ပြည့်စုံအောင် ဆောင်ရွက်ရမည့် အချက်များစွာ ရှိသေးကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) ကို ရေးဆွဲ အကောင်အထည်ဖော်လျက် ရှိသည်ကို ကိုယ်စားလှယ်ကြီးများ အသိဖြစ်ကြောင်း၊ ယင်းမဟာဗျူဟာထဲတွင် ထောက်ပံ့ကြေးများအား တိုးမြှင့် ဆောင်ရွက်ခြင်းဆိုသည့်အချက် ပါဝင်ကြောင်း၊ ငွေချေးခြင်းကို သတ်မှတ်ထားခြင်း၊ ဆောင်ရွက်ထားခြင်း မရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ငွေချေးခြင်းလုပ်ငန်းကို ဆောင်ရွက်၍ မရကြောင်း၊ ဗဟိုဘဏ်၊ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများ စသည်ဖြင့် ငွေချေးခြင်းကို ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသည့် အဖွဲ့အစည်းများမှသာ ဆောင်ရွက်၍ရကြောင်း၊ ထောက်ပံ့ကြေးပေးခြင်းကို တိုးပြီး ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း လွှတ်တော်၌ ပြောကြားခဲ့သည်။
ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက “အဆင့်မြင့်ပညာဦးစီးဌာန အနေဖြင့် အဆင့်မြင့်တက္ကသိုလ်များသို့ တက်ရောက်ရန် အခက် အခဲရှိနေသည့် ကျောင်းသားကျောင်းသူများကို ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ခြင်းအတွက် နိုင်ငံတော်ဘဏ္ဍာကနေ နှစ်စဉ်လျာထားလျက် ရှိပါတယ်။ ပညာသင်ထူးချွန်ဆုနဲ့ ပညာသင်ထောက်ပံ့ကြေးဆိုပြီး ဆုတွေ အမျိုးမျိုးပေးပါတယ်။ ၀ိဇ္ဇာပညာ ထူးချွန်ဆု၊ သိပ္ပံ ထူးချွန်ဆု၊ စီးပွားရေး ပညာထူးချွန်ဆု၊ ပညာရေးဆိုင်ရာ ထူးချွန်ဆု၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှပေးသည့် ပညာသင်ဆု စတာတွေကို ပေးအပ်လျက်ရှိပါတယ်။ ၀ိဇ္ဇာနဲ့ သိပ္ပံပညာ ထူးချွန်ဆုဆိုရင် တစ်လ တစ်သိန်းနှုန်းနဲ့ ၁၀ လအတွက် ထောက်ပံ့ပေးလျက် ရှိပါတယ်။ စပေးတုန်းကတော့ ၁၁၅ ဦး၊ လက်ရှိမှာဆိုရင် ၈၃ ဦးကို ထောက်ပံ့ပေးလျက် ရှိပါတယ်။ထို့ အပြင် တက္ကသိုလ်ပညာသင်ဆုကိုလည်း တစ် လလျှင် တစ်သိန်းနှုန်းဖြင့် တစ်နှစ်လျှင် ၁၀ လ ထောက်ပံ့ပေးလျက်ရှိပါတယ်။ ပညာသင် ထောက်ပံ့ကြေးကိုလည်း တစ်လလျှင် သုံး သောင်းကျပ်နှုန်းနဲ့ ၁၀ လအတွက်ထောက်ပံ့ ပေးလျက်ရှိပါတယ်။ အဝေးသင်ပညာကဏ္ဍမှာလည်း ထောက်ပံ့ပေးလျက် ရှိပါတယ်။ဆေးတက္ကသိုလ်တွေမှာလည်း တစ်လတစ် သိန်းနှုန်းနဲ့ ထောက်ပံ့ပေးလျက် ရှိပါတယ်။ ဝန်ကြီးဌာနအသီးသီးက ဖွင့်တဲ့ကျောင်းတွေ မှာလည်း ထောက်ပံ့မှုတွေ ပေးလျက်ရှိပါ တယ်”ဟု ပြောကြားခဲ့သည်။
ထို့အတွက် ပညာရေးဝန်ကြီးဌာနအ နေဖြင့် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပညာရေးမဟာဗျူဟာ ရည်မှန်းချက်များထဲမှ ထောက်ပံ့ကြေးအစီအစဉ်များ တိုးမြှင့်ခြင်းကို ပြည်ထောင်စုဘဏ္ဍာငွေ ခွဲဝေရရှိမှုပေါ် မူတည်ပြီး နှစ်စဉ်တိုးမြှင့် ဆောင်ရွက်လျက်ရှိသည့်အတွက် ယခုအဆိုအား မှတ်တမ်းအဖြစ်သာ ထားရှိသင့်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။
ယင်းအဆိုနှင့် ပတ်သက်ပြီး အဆိုရှင်က လွှတ်တော်၏ အဆုံးအဖြတ် ခံယူသဖြင့် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၁၉ မဲ၊ ကန့်ကွက်မဲ ၁၂၅ မဲ၊ ကြားနေမဲ ၂၂ မဲဖြင့် ကန့်ကွက်သူများသည့်အတွက် အဆို အတည်မပြုကြောင်း အမျိုးသားလွှတ်တော်က ဆုံးဖြတ်ခဲ့ သည်။
-
အပူပိုင်း မုန်တိုင်း “ဆိုးလစ်ခ်” ၏ မုန်တိုင်းအကြွင်းအကျန်နှင့် လေပွေလှိုင်းများကြောင့် နိုင်ငံတစ်ဝန်းနေရာကွက် မိုးကြီးနိုင်
-
ရေဘေးသင့်ပြည်သူများအတွက် မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်က ယန်း(၃)သိန်းလှူဒါန်း
-
အရှေ့အလယ်ပိုင်းတင်းမာမှုမြင့်တက်နိုင်ခြေရှိ၍ သက်ဆိုင်သူများကို အမေရိကသတိပေး
-
Starlink ဂြိုဟ်တုကွန်ရက်ကို အသုံးချ၍ ကိုယ်ပျောက်လေယာဉ်များကို ဖော်ထုတ်နိုင်ဟု တရုတ်သုတေသီများဆို
-
အပစ်ရပ်စောင့်ကြည့်ရေးတွင် တရုတ်နိုင်ငံ ပါဝင်ရန် မြောက်ပိုင်းလေးဖွဲ့ကလိုလားနေပြီး ပဋိပက္ခ ဖြေရှင်းရေးယန္တရား ဟူသောအမည်ဖြင့် ဆက်လက်ဆွေးနွေးရန် အစိုးရနှင့်မြောက်ပိုင်းလေးဖွဲ့ သဘောတူ