COVID-19 ကြောင့် စီးပွားရေးထိခိုက်ခဲ့သည့်လုပ်ငန်းများ လည်ပတ်နိုင်ရေးအတွက် လုပ်ငန်း ၆၃၃၃ ခုသို့ ချေးငွေကျပ် ၁၆၆ ဘီလျံကျော် ထုတ်ချေးထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။
ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ ၂၉ ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ထိုသို့ ပြောကြားခြင်းဖြစ်သည်။
“မြန်မာနိုင်ငံမှာ ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်သွားခြင်းမရှိအောင် နိုင်ငံတော်ကနေ ကုစားရေးလုပ်ငန်း အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးအတွက် လုပ်ငန်းကော်မတီတစ်ရပ် ဖွဲ့စည်းထားပြီး ကော်မတီကို အထောက်အကူပြုနိုင်ရန်အတွက် လုပ်ငန်းအဖွဲ့ (Task Force) ကိုလည်း ဖွဲ့ထားပါတယ်။ ဒီအဖွဲ့မှာ UMFCCI က အဓိက အပိုင်းက ပါဝင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်ခံရတဲ့လုပ်ငန်းများ လည်ပတ်နိုင်ရေးအတွက် နိုင်ငံတော်က ချေးငွေကျပ်ဘီလျံ ၂၀၀ မတည်ကာ အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးလျက်ရှိပါတယ်။ ယနေ့အချိန်အထိ လုပ်ငန်းပေါင်း ၆၃၃၃ ခုသို့ ချေးငွေ ကျပ် ၁၆၆ ဒသမ ၅၉၆၃ ဘီလျံ ထုတ်ချေးပေးပြီးဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အချက်နှစ်ချက်ကို အဓိကထား ပြောကြားလိုပါတယ်။ (၁) COVID-19 ကပ်ရောဂါကာလနဲ့ နောက်ပိုင်း ကာလတွေမှာ မြန်မာ့စီးပွားရေး နာလန်ထူနိုင်ရုံသာမက ပိုမိုဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ (၂) အစိုးရနဲ့ပုဂ္ဂလိက တက်ညီလက်ညီပူးပေါင်း ဆောင်ရွက်ဖို့ဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား