Top News

Blackpink အဖွဲ့က လေဒီဂါဂါ၏ အယ်လ်ဘမ်တွင် ပါဝင်မည်ဟု သတင်းများထွက်ရှိ
24htopnews | September 3, 2024 4:12 PM CST

ကေပေါ့ပ် အမျိုးသမီးအဆိုတော်အဖွဲ့ Blackpink လေဒီဂါဂါ၏ အယ်လ်ဘမ်သစ်တွင် ပါဝင်မည်ဆိုသော သတင်းများ ထွက်ရှိနေသည်ဟု ကေပေါ့ပ်သတင်းဝက်ဘ်ဆိုက်များတွင် ဖော်ပြခဲ့သည်။

Blackpink အဖွဲ့သည် အစီအစဉ်များစွာကို လုပ်ဆောင်နေကြောင်း၊ ယင်းအစီအစဉ်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်ကို အတည်ပြုရန် အခက်အခဲရှိသဖြင့် တရားဝင်ကြေညာချက်ကို စောင့်ဆိုင်းရန် ယင်းအဖွဲ့၏အေဂျင်စီ YG Entertainment က ထုတ်ပြန်ခဲ့ပြီးနောက် အဆိုပါသတင်းများ ထွက်ရှိခဲ့ခြင်းဖြစ်သည်။

ယင်းကောလာဟလများထွက်ရှိနေစဉ် အမေရိကန်အဆိုတော် လေဒီဂါဂါကလည်း ဆဋ္ဌမမြောက်အယ်လ်ဘမ် Chdromatica ကိုု ဧပြီ ၁၀ ရက်တွင် ဖြန့်ချိမည်ဟု မတ်၂ ရက်တွင် ပြောကြားခဲ့မှုကြောင့် ထင်ကြေးပေးမှုများကို ပိုမိုခိုင်မာစေခဲ့သည်။

Jisoo ၊ Jennie ၊ Rose နှင့် Lisa တို့ဖြင့် ဖွဲ့စည်းထားသည့် Blackpink အဖွဲ့သည်  ၂၀၁၆ ခုနှစ်တွင် သီချင်းနှစ်ပုဒ်သာ ပါဝင်သည့် မီနီအယ်လ်ဘမ် Square One ဖြင့် ဂီတလောကသို့ ပွဲဦးထွက် ဝင်ရောက်ခဲ့သည်။ ယင်း မီနီအယ်လ်ဘမ်တွင် ပါဝင်သည့် Boombayah သီချင်းသည် Billboard World Digital Songs စာရင်း၏ နံပါတ် ၁ နေရာတွင် ဖော်ပြခံခဲ့သည်။

 စီးပွားရေးအရ အောင်မြင်မှု ရရှိခဲ့သည့် ယင်းအဖွဲ့သည် (၃၁) ကြိမ်မြောက် Golden Disc ဆုပေးပွဲနှင့် (၂၆) ကြိမ်မြောက် Seoul Music ဆုပေးပွဲတွင် တက်သစ်စ အဆိုတော်ဆုအဖွဲ့ကို ရရှိခဲ့သည်။

၂၀၁၉ ခုနှစ်သည် Blackpink အဖွဲ့အတွက် အောင်မြင်မှု အထွတ်အထိပ်ရောက်ရှိခဲ့သည့် နှစ်ဖြစ်ခဲ့သည်။  ယင်းအဖွဲ့၏ Kill This Love မီနီအယ်လ်ဘမ်သည် Billboard Hot တွင် နံပါတ် ၄၁ နှင့် Billboard 200 စာရင်း တွင် နံပါတ်  ၂၄ နေရာ၌ ဖော်ပြခံခဲ့ရသည်။

ယင်းအယ်လ်ဘမ်တွင် ပါဝင်သည့် Ddu-Du-Du-Du သီချင်းဗီဒီယိုသည် YouTube တွင် ဖြန့်ချိပြီး ၂၄ နာရီအတွင်း ကြည့်ရှုမှုအများဆုံး ကိုရီးယားသီချင်းဗီဒီယို ဖြစ်လာခဲ့သည်။

Blackpink အဖွဲ့သည် ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် YouTube ၌ Subscribe အများဆုံးရရှိသည့် အမျိုးသမီး အဆိုတော် အဖွဲ့ဖြစ်လာခဲ့သည်။ ယင်းအဖွဲ့၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲခရီးစဉ် In Your Area ကို ပြီးခဲ့သည့်နှစ်တွင် အဆုံးသတ်ခဲ့ပြီး လတ်တလောတွင် ဂျပန်နိုင်ငံ၌ ဖျော်ဖြေပွဲ လေးခု ပြုလုပ်ခဲ့ရာ လက်မှတ်များ အကုန်ရောင်းထွက်သည်အထိ ပရိသတ်အားပေးမှု ရရှိခဲ့သည်။

 


READ NEXT
Cancel OK