Top News

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလိဝုဒ်အော်စကာဆုပေးပွဲကို ရွှေ့ဆိုင်း
24htopnews | September 3, 2024 4:12 PM CST

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ဘောလိဝုဒ်အော်စကာဆုပေးပွဲ Indian Film Academy (IIFA) ကို ရွှေ့ဆိုင်းလိုက်ကြောင်း ပွဲစီစဉ်သူများက မတ် ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အိန္ဒိယရုပ်ရှင်လောကအတွက် အကြီးဆုံး အနုပညာဆုပေးပွဲဖြစ်သည့် IIFA ကို Indore မြို့တွင် မတ် ၂၇ ရက်မှ မတ် ၂၉ ရက်အထိ သုံးရက်ကြာပြုလုပ်ရန် မူလက စီစဉ်ထားသည်။ ရှရွတ်ခန်း၊ ဆယ်လ်မန်ခန်းနှင့် ကတ်ထရီနာကိဗ်တို့ အပါအဝင် ဘောလိဝုဒ်၏ နာမည်ကြီး အနုပညာရှင်များက ယင်းဆုပေးပွဲသို့ တက်ရောက်မည်ဟု အစောပိုင်း သတင်းများတွင် ဖော်ပြခဲ့သည်။ 

ယခုနှစ် ဆုပေးပွဲတွင် မွမ်ဘိုင်းရှိ ရက်ပ်အဆိုတော်တစ်ဦးအကြောင်း ရိုက်ကူးထားသည့် Gully Boy ဇာတ်ကားသည် အကောင်းဆုံးဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ အမျိုးသား သရုပ်ဆောင်ဆုနှင့် အမျိုးသမီးသရုပ်ဆောင်ဆုအပါအဝင် ဆု ၁၄ ဆုအတွက် ဆန်ခါတင်စာရင်းတွင် ဖော်ပြခံခဲ့ရပြီး အကောင်းဆုံး ဇာတ်ကားဆုရရန် ရေပန်းစားနေသည်။ ရန်ဗီးယားဆင်း၊ Alia Bhatt နှင့် Siuddhant Chaturvedi တို့ ပါဝင်သရုပ်ဆောင်ထားသည့် ယင်းဇာတ်ကားသည် ၂၀၁၉ ခုနှစ် ဝင်ငွေအကောင်းဆုံး ဘောလိဝုဒ်ဇာတ်ကားစာရင်းတွင် နံပါတ်ခုနစ်နေရာ၌ ဖော်ပြခံရသည့် ဇာတ်ကားလည်း ဖြစ်သည်။

နိုင်ငံအများစုတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှု များမြင့်တက်နေစဉ် ပရိသတ်များနှင့် လူထု၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် IIFA ဆုပေးပွဲကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ယင်းဆုပေးပွဲစီစဉ်သူများက ထုတ်ပြန်ခဲ့သည်။ IIFA ဆုပေးပွဲ ကျင်းပမည့် ရက်စွဲနှင့် အစီအစဉ်များကို မကြာမီ ပြန်လည်ကြေညာမည်ဟုလည်း ပြောကြားခဲ့သည်။

ဗိုင်းရပ်စ်ကြောင့် လူစုလူဝေးစုစည်းမှုများကိုရှောင်ရန် အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့သည်။ ကွန်ဖရင့်များ၊ လာမည့်သီတင်းပတ်တွင် Holi ဘာသာရေးဆိုင်ရာ ပွဲတော်အတွက် အခမ်းအနားများပြုလုပ်ခြင်းနှင့် လူထုအခမ်းအနားများအားလုံးကို ပြီးခဲ့သည့်ရက်များက ဖျက်သိမ်းခဲ့သည်။ အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ  ၃၀ ရှိလာပြီဟု အတည်ပြုခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ဇာတ်ကားပေါင်း ၁,၈၀၀ နီးပါးခန့် ဖြန့်ချိခဲ့သည့် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့တွင် အကြီးဆုံးရုပ်ရှင်လုပ်ငန်းဖြစ်သည်။ နိုင်ငံများစွာနှင့် အိန္ဒိယနိုင်ငံရှိ အခြားမြို့များတွင် ကျင်းပခဲ့သည့် IIFA ဆုပေးပွဲကို ၂၀၁၉ ခုနှစ်တွင် ဘောလိဝုဒ်မြို့တော် မွမ်ဘိုင်းတွင် ကျင်းပခဲ့သည်။


READ NEXT
Cancel OK