Top News

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေသော်လည်း Onward ဇာတ်ကားက ဒေါ်လာ သန်း ၄၀ ဖြင့် မြောက်အမေရိကတွင် ဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ် ဦးဆောင်
24htopnews | September 3, 2024 4:12 PM CST

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက်မှုကို ရုပ်ရှင်လုပ်ငန်းက သတိထားစောင့်ကြည့်နေစဉ် Pixar စတူဒီယို၏ အန်နီမေးရှင်းဇာတ်ကားသစ် Onward က မြောက်အမေရိက လက်မှတ်ရောင်းချမှုဝင်ငွေစာရင်း၏ နံပါတ် ၁ နေရာတွင် ဦးဆောင်ခဲ့သည်။ သို့သော်လည်း ယင်းဝင်ငွေသည် Pixar သို့မဟုတ် Disney က ဖြန့်ချိခဲ့သည့်ဇာတ်ကားများထဲတွင် ပွဲဦးထွက် ဝင်ငွေအနည်းဆုံးရရှိမှုဖြစ်သည်။

မိသားစုအကြောင်းကိုအခြေခံသည့်  Pixar ဇာတ်ကားသည် မတ် ၆ ရက်မှ ၈ ရက် ကာလအတွက် လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ သန်း ၄၀ ခန့်ရရှိခဲ့ပြီး ကနဦးခန့်မှန်းချက်များအောက် အတော်လေးနည်းပါးခဲ့သည်ဟု လက်မှတ်ရောင်းချမှုဝင်ငွေစာရင်းများကို လေ့လာသုံးသပ်သည့် Exhibitor က ထုတ်ပြန်ခဲ့သည်။ နိုင်ငံတကာ ရုပ်ရှင်စျေးကွက်တွင်လည်း ယင်းဇာတ်ကားသည် ခန့်မှန်းထားသည့်ဝင်ငွေထက် နည်းပါးခဲ့ပြီး ဒေါ်လာ ၂၈ သန်းသာရရှိခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် အာရှ၏ အဓိကရုပ် ရှင်စျေးကွက်ဖြစ်သော တရုတ်နှင့် တောင်ကိုရီးယားတွင် ရုပ်ရှင်ရုံများ ပိတ်ထားခဲ့မှုကြောင့် နိုင်ငံတကာလက်မှတ်ရောင်းချမှုဝင်ငွေသည် သိသိသာသာ ထိခိုက်ခဲ့ခြင်းဖြစ်သည်။

Onward ဇာတ်ကားသည် အပြုသဘောဆောင်သည့် ချီးမွမ်းမှုရရှိခဲ့ပြီး Rotten Tomatoes တွင် Rating ၈၆ ရာခိုင်နှုန်း ရရှိခဲ့သည်။ နတ်သူငယ်ညီအစ်ကိုနှစ်ဦးဖြစ်သည့် Lan နှင့် Barley Lightfoot တို့က ကွယ်လွန်သွားသည့် ဖခင်ဖြစ်သူကို တစ်ရက်တာ အသက်ရှင်ရန်အတွက် မှော်တုတ်တံကို အသုံးပြုပြီး ပြန်လည်ခေါ်ဆိုရာတွင် မန္တာန်မှားယွင်းရွတ်ဆိုမှုကြောင့် ဖခင်၏ခန္ဓာကိုယ်သည် ခါးအောက်ပိုင်းသာပါဝင်ခဲ့မှုကြောင့် ခန္ဓာကိုယ်အပေါ်ပိုင်းပြန်ပေါ်စေရန် မှော်ဂါထာများ ကြိုးစားရှာဖွေသည့်အကြောင်း ရိုက်ကူးထားသည့် ယင်းဇာတ်ကားတွင် တွမ်ဟော်လန်၊ ခရစ်ပရတ်၊Julia Louis-Dreyfus  နှင့် Octavia Spencer တို့က နောက်ခံအသံဖြင့် ပါဝင်သရုပ်ဆောင်ထားသည်။

ယင်းဇာတ်ကားသည် ဖခင်ဖြစ်သူကို  တွေ့ရှိလိုသည့် ၎င်းတို့ညီအစ်ကိုနှစ်ဦး၏ဆန္ဒကို အခြေခံရိုက်ကူးထားခြင်းဖြစ်သည်ဟု ဒါရိုက်တာ ဒန်စကန်လွန်က ပြောကြားခဲ့သည်။ ဖခင်ဖြစ်သူ ကားတိုက်ပြီး သေဆုံးခဲ့ချိန်တွင် ၎င်းသည် တစ်နှစ်သားအရွယ်သာရှိပြီး အစ်ကိုဖြစ်သူသည် သုံးနှစ်အရွယ်သာရှိသေးသည်ဟုလည်း စကန်လွန်က ဇာတ်ကားရုံမတင်မီ ပြသခဲ့သည့် အထူးပွဲသို့ အစ်ကိုဖြစ်သူကို ခေါ်လာခဲ့ကြောင်း၊ ဇာတ်ကားကြည့်ပြီးနောက် ညီအစ်ကိုနှစ်ဦး စိတ်မကောင်းဖြစ်ခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြောက်အမေရိကလက်မှတ်ရောင်းချ မှုဝင်ငွေစာရင်းတွင်  Universal ၏ စိတ်ကူးယဉ်သိပ္ပံ သည်းထိတ်ရင်ဖိုဇာတ်ကား The Invisible Man က ဒေါ်လာ ၁၅.၂ သန်းဖြင့် ဒုတိယနေရာတွင် ဖော်ပြခံခဲ့ရသည်။ ညှဉ်းပန်းနှိပ်စက်သည့် ချစ်သူဟောင်း Adrian Griffin သည် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပြီဖြစ်သော်လည်း ၎င်း၏ခြောက်လှန့်ခြင်းကို ခံနေရသည့် Cecilia Kass အမည်ရ အမျိုးသမီးက Adrim အမှန်တကယ်သေဆုံးခဲ့ခြင်း ရှိ မရှိကို အဖြေထုတ်ရန် စူးစမ်းစစ်ဆေးရာမှ ထူးဆန်းသည့် ဝတ်စုံတစ်ခုကို တွေ့ရှိခဲ့သည့်အကြောင်း ရိုက်ကူးထားသည့် ယင်းဇာတ်ကားတွင် အလိဇဘတ်မော့စ်က အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားသည်။ ဖေဖော်ဝါရီ ၂၈ ရက်ကဖြန့်ချိခဲ့သည့် ယင်းဇာတ်ကားသည် ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှုဝင်ငွေစုစု ပေါင်းဒေါ်လာ ၉၈.၃ သန်း ရရှိထားသည်။

The Way Back ဇာတ်ကားသည် ဒေါ်လာ ၈.၅ သန်းဖြင့် တတိယနေရာတွင် ဖော်ပြခံခဲ့ရသည်။

 

 


READ NEXT
Cancel OK