Top News

COVID-19 ကြောင့် ဒစ္စနေက Mulan အပါအဝင် ဇာတ်ကားသုံးကား ဖြန့်ချိမည့်အစီအစဉ် ရွှေ့ဆိုင်း
24htopnews | September 3, 2024 4:12 PM CST

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက် ပျံ့နှံ့နေမှုကြောင့် ဒစ္စနေက သတိရှိရှိဖြင့် ဆောင်ရွက်မှုအဖြစ် Mulan၊ The New Mutants နှင့် Antleres ဇာတ်ကားများအား ဖြန့်ချိမှုကို ရွှေ့ဆိုင်းကြောင်း မတ် ၁၂ တွင် ကြေညာခဲ့သည်။

အခြေအနေများသည် အ လွန်အမင်းတိုးတက်ပြောင်းလဲနေ ပြီး သတိဖြင့်ဆောင်ရွက်မှုအဖြစ် ထိုဇာတ်ကားသုံးကား ဖြန့်ချိမှုကို ရွှေ့ဆိုင်းမှုအား အသိပေးလိုကြောင်း၊ ရုပ်ရှင်ရုံသို့သွားကြည့်ရ သည့် ခံစားမှုများအား မိမိတို့က အမှန်တကယ်ယုံကြည်မှုရှိ ပြီး ယခုနှစ်အတွင်း ထို ဇာတ်ကားများအား ဖြန့်ချိနိုင်ခြေရှိသောရက်များကို နောက်ပိုင်းတွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဒစ္စနေက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Mulan ဇာတ်ကားအား မတ် ၂၇ တွင် ရုပ်ရှင်ရုံများ၌ ပြသရန် စီစဉ်ထားပြီး The New Mutants အား ဧပြီ ၃ နှင့် Antleres ဇာတ်ကားအား ဧပြီ ၁၇ တွင် ဖြန့်ချိရန် ကနဦး၌ စီစဉ်ထားခြင်းဖြစ်သည်။

Mulan ဇာတ်ကားသည် ကိုရိုနာဗိုင်း ရပ်စ်အတွက် စိုးရိမ်မှုများ ထွက်ပေါ်နေလျှင် ပင် ပွဲဦးထွက် သီတင်းပတ်ပြသမှုတွင် ဒေါ် လာသန်း ၈၀ အထိ ရရှိနိုင်မည်ဟု ခန့်မှန်း ထားကြသည်။ COVID-19 ပျံ့နှံ့နေမှုများ ကြောင့် တရုတ်နိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံ ထောင်ပေါင်း များစွာကို ပိတ်ထားခဲ့ရသည်။  တရုတ်နှစ် သစ်ကူးကာလ စတင်ချိန်တွင် မြို့များအား ပိတ်ဆို့ထိန်းချုပ်မှု စတင်ပြုလုပ်ခဲ့စဉ် နိုင်ငံ ၏ အနုပညာလုပ်ငန်းအား ဧရာမ ထိုးနှက် ချက်ဖြစ်ခဲ့သည်။

Mulan ဇာတ်ကား၏ဒါရိုက်တာ နီကီကာရိုက မိမိတို့သည် ကမ္ဘာတစ်ဝန်း၌ ဗိုင်း ရပ်စ်ကူးစက်ခံထားရသူအားလုံးနှင့် တစ်သားတည်းရှိနေကြောင်း၊ Mulan ၏တိုက်ပွဲ ဝင် စိတ်ဓာတ်က မိမိတို့အားလုံးကို ဘေးကင်း လုံခြုံစေရေး ကြိုးစားဆောင်ရွက်ပေးနေသူ အားလုံးကို ဆက်လက်လှုံ့ဆော်ပေးမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

COVID-19 ကူးစက်ပျံ့နှံ့မှု အလွန်အ မင်းလျင်မြန်မှုက ကမ္ဘာ့စီးပွားရေးအား သက်ရောက်နေမှုကြောင့် Fast & Furious ဇာတ်ကားများ ထုတ်လုပ်သောကုမ္ပဏီဖြစ်သည့် ယူနီဗာဆယ်စတူဒီယိုကလည်း Fast & Furious ဇာတ်ကားဖြန့်ချိမှုအား တစ်နှစ် ရွှေ့ဆိုင်းရန်ဆုံးဖြတ် ခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ပြင်းထန်နေ သော အီတလီ၊ တောင်ကိုရီးယားနှင့် တရုတ် တို့တွင် ရုပ်ရှင်ရုံများအား ပိတ်ပင်ထားဆဲ ဖြစ်သည်။ COVID-19 ကူးစက်ပျံ့နှံ့မှု ဆိုး ရွားလာပါက အမေရိကန်တွင်လည်း ရုပ်ရှင် ရုံအချို့ကို ပိတ်ပင်နိုင်သည့်အနေအထား မြင့်တက်လာနေကြောင်း သိရသည်။

Fast 9  ဇာတ်ကားအား ယခုအခါ ၂၀၂၁ ခုနှစ် ဧပြီတွင် ကမ္ဘာတစ်ဝန်း ဖြန့်ချိသွားမည် ဖြစ်ပြီး ဧပြီ ၂ တွင် အမေရိကန်၌ ဖြန့်ချိသွား မည်ဖြစ်သည်။ ပြိုင်ကားများနှင့် ရူးလောက် သော စတန့်ပြကွက်များ ပါဝင်ပြီး ဒေါ်လာ သန်း ၂၀၀ ကျော် အကုန်အကျခံ ရိုက်ကူး ထားသော Fast & Furious  ဇာတ်ကားများ သည် နိုင်ငံတကာမှ ပရိသတ်များအား ဆွဲ ဆောင်နိုင်ရန် ရည်မှန်းခဲ့သည်။

Fast & Furious ယခင်ဇာတ်ကား သုံးကား၏ အသားတင်ဝင်ငွေများ၏အကြမ်း ဖျင်း ၇၅ ရာခိုင်နှုန်းသည် ပြည်ပမှ ရရှိခြင်း ဖြစ်ပြီး ယခုအချိန်တွင် ရုပ်ရှင်ရုံများစွာ ပိတ် ထားခြင်းကြောင့် အမြတ်များမရနိုင်ဟု ယူနီ ဗာဆယ်က ယူဆခဲ့သည်။

COVID-19 ကူးစက်ပျံ့နှံ့မှု အလွန် အမင်းမြင့်တက်လာချိန်တွင် အခြားထင်ရှား သော ဇာတ်ကားအများအပြားကိုလည်း ဖြန့် ချိမည့်ရက် ရွှေ့ဆိုင်းခဲ့ကြရသည်။

A Quiet Place Part II  အား မတ် တွင် ပွဲဦးထွက်ပြသမည့်အစီအစဉ်ကို ဖျက် သိမ်းခဲ့ပြီး ဂျိမ်းစ်ဘွန်းနောက်ဆုံးထွက်ဇာတ်ကားဖြစ်သော No Time To die ကို ဖြန့်ချိမှု အား ဧပြီမှ နိုဝင်ဘာသို့ ရွှေ့ဆိုင်းခဲ့ရသည်။

 


READ NEXT
Cancel OK