Top News

ဂျိမ်းစ်ဘွန်းဇာတ်ကားမှ သရုပ်ဆောင် Olga Kurylenko ဗိုင်းရပ်စ် ကူးစက်ခံထားရ
24htopnews | September 3, 2024 4:12 PM CST

ဂျိမ်းစ်ဘွန်းဇာတ်ကား Quantum of Solace တွင် Bond Girl အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သော ယူကရိန်းဖွား  ပြင်သစ် သရုပ်ဆောင် Olga Kurylenko က သူသည် COVID-19 ကူးစက်ခံထားရကြောင်း Instagram တွင် ကြေညာခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် နေအိမ်ထဲတွင် နေ နေကြောင်း၊ နေမကောင်းဖြစ်နေသည်မှာ တစ်ပတ် ရှိလာပြီဖြစ်ကြောင်း၊ ကိုယ်ပူခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုသည် ၎င်း၏ အဓိကလက္ခဏာများဖြစ်ကြောင်း၊ ပရိသတ်များအနေဖြင့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြရန်နှင့် အလေးအနက်ထားကြရန် တိုက်တွန်းကြောင်း ၎င်းက ရေးသားခဲ့သည်။

အသက် ၄၀ ရှိပြီဖြစ်သော Kurylenko သည် ၂၀၀၈ ခုနှစ်က ဂျိမ်းစ်ဘွန်းဇာတ်ကားတွင် ဘိုလစ်ဗီးယား ထောက်လှမ်းရေးအေးဂျင့် Camille Montes ဇာတ်ကောင်ဖြင့် အောင်မြင်ခဲ့သည်။

Kurylenko သည် Oblivion ဇာတ်ကားတွင် တွမ်ခရုဇ်နှင့်လည်းကောင်း၊ Johnny English Strickes Again ဇာတ်ကားတွင် ရိုဝမ်အက်ကင်ဆင်နှင့်လည်းကောင်း အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။

ဂျိမ်းစ်ဘွန်း၏ ဇာတ်ကားသစ် No Time To Die အား ဖြန့်ချိမှုကို ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှုကြောင့် ခုနစ်လကြာ ရွှေ့ဆိုင်းခဲ့သည်။

 


READ NEXT
Cancel OK