ပြီးခဲ့သောသီတင်းပတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီးနောက်ပိုင်း သီးခြားခွဲနေခဲ့သော သရုပ်ဆောင် တွမ်ဟန့်သည် သြစတြေးလျရှိ ဆေးရုံမှ ပြန်ဆင်းသွားပြီဖြစ်သော်လည်း ဇနီးဖြစ်သူ ရီတာဝီလ်ဆင်မှာမူ ဆေးရုံတွင် ကုသနေဆဲဖြစ်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက မတ် ၁၇ တွင် ပြောကြားခဲ့သည်။ အော်စကာဆုရှင် တွမ်ဟန့်သည် သြစ တြေးလျဒါရိုက်တာ Baz Luhrmann ရိုက်ကူးသော အဲဗစ်ပရက်စလေ အတ္ထုပတ္တိ ဇာတ်ကားတွင် သရုပ်ဆောင်ရန်အတွက် ဘရစ္စဘိန်းအနီး Gold Coast သို့ ရောက်ရှိနေစဉ် အသက် ၆၃ နှစ်စီရှိ ၎င်းနှင့်ဇနီးဖြစ်သူတို့ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရခြင်းဖြစ်သည်။ တေးရေးနှင့် အဆိုတော်တစ်ဦးဖြစ်သော ဝီလ်ဆင်သည် COVID-19 မကူးစက်ခံရမီ ဆစ်ဒနီနှင့် ဘရစ္စဘိန်းတို့တွင် ဖျော်ဖြေပွဲများ ကျင်းပခဲ့သည်။ ထိုစုံတွဲနှင့် ထိတွေ့ခဲ့ပြီး ကူးစက်ခဲ့ဖွယ်ရှိသူများအား သြစတြေးလျတာဝန်ရှိသူများက ခြေရာခံရှာဖွေနေကြသည်။ သြစတြေးလျတွင် မတ် ၁၇ အထိ ဗိုင်းရပ်စ်ကူးစက်မှု ၄၀၀ နီးပါးနှင့် သေဆုံးသူ ငါးဦးရှိသည်။ ဟန့်သည် ဆေးရုံမှ ဆင်းပြီးနောက် Luhrmann ဇာတ်ကားအတွက် ပြင်ဆင်စဉ် Gold Class ရှိ ဇိမ်ခံတိုက်ခန်းတစ်ခန်းသို့ ပြန်သွားဖွယ်ရှိသည်။
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်
-
ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B.1.1.7 အကြောင်းတစေ့တစောင်း
-
ရန်သူများ၏ မည်သည့် တိုက်ခိုက်မှုမျိုးကိုမဆို လက်တုံ့ပြန်သွားမည်ဟု အီရန်တပ်ဖွဲ့ ထုတ်ပြန်