နှစ်ဦးစလုံးပိုင်စပျစ်ခြံမှ ရှယ်ယာများကို ဇနီးဟောင်းအန်ဂျလီနာဂျိုလီက ရုရှားဘီလျံနာလုပ်ငန်းရှင်တစ်ဦးကို ရောင်းချလိုက်မှုသည် ၎င်းကိုဒုက္ခပေးရန်ကြိုးစားလိုက်ခြင်းဟု တရားရုံးစာရွက်စာတမ်းများထဲတွင် ဘရတ်ပစ်က ထည့်သွင်းတင်ပြထားသည်။
၂၀၀၈ ခုနှစ်က အတူဝယ်ယူခဲ့သည့် ပြင်သစ်နိုင်ငံရှိစပျစ်ခြံမှ ၄င်းပိုင်ရှယ်ယာများကို ဂျိုလီက ရောင်းချလိုက်မှုအတွက် ဘရတ်ပစ်က ဂျိုလီကိုတရားစွဲဆိုထားပြီး ၊ PA သတင်းဌာနကရရှိခဲ့သည့် တရားရုံးစာရွက် စာတမ်းများထဲတွင် ဂျိုလီက ၎င်း၏စပျစ်ခြံရှယ်ယာကို ဆိုဗီယက်ဖွားစီးပွားရေးလုပ်ငန်းရှင် ယူရီရှက်ဖလာအား ဘရတ်ပစ်မသိဘဲ ရောင်းလိုက်သည်ဟု တင်ပြထားသည်။
တစ်ဦး၏ခွင့်ပြုချက်မပါဘဲ နောက်တစ်ဦးက စပျစ်ခြံရှယ်ယာများကိုထုတ်မရောင်းရန် နှစ်ဦးစလုံးသဘောတူထားကြပြီး ၊ ရုရှားဘီလျံနာကိုရောင်းရန် ဂျိုလီ၏ဆုံးဖြတ်ချက်သည် အန္တရာယ်ရှိအဖွဲ့အစည်းနှင့် သူစိမ်း တစ်ဦးကို စီးပွားဖက်အဖြစ်ပတ်သက်စေရန် တွန်းပို့လိုက်ခြင်းဖြစ်သည်ဟုလည်း ဘရတ်ပစ်က ထုတ်ဖော်ထားသည်။
ဘရတ်ပစ်၏ရှေ့နေများကလည်း ဘရတ်ပစ်၏ဦးဆောင်ကောင်းမှုကြောင့်သာ စပျစ်ခြံစီးပွားရေးမှာ ဒေါ်လာသန်းပေါင်းများစွာတန်အောင်မြင်သည်အထိ တိုးတက်ခဲ့ပြီး ရလာသည့်အသီးအပွင့်ကို ဂျိုလီကခံစားရ သော်လည်း ၎င်း၏ပါဝင်အားထုတ်မှုမပါခဲ့ဟု ပြောဆိုထားသည်။
မစ္စတာရှက်ဖလာနှင့် အပေါင်းအပါများက ဘရတ်ပစ်ကျကျနနတည်ဆောက်ခဲ့သည့် စီးပွားရေးကိုဝါးမြိုရန်နှင့် ဘရတ်ပစ်၏ ၀ိုင်လုပ်ငန်းရင်းနှီးမြှုပ်နှံမှုများ ဆုတ်ယုတ်သွားစေရန်ကြိုးစားကြမည်ကို ဂျိုလီကသိသိကြီးနှင့်ဟု ရုံးတော်စာရွက်စာတမ်းများတွင် တင်ပြထားသေးသည်။
ဟောလိဝုဒ်၏အထင်ကရစုံတွဲဖြစ်သည့် ဂျိုလီနှင့်ဘရတ်ပစ်တို့သည် ၁၁ နှစ် ကြာလက်တွဲခဲ့ပြီးမှ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာတွင် ဂျိုလီဘက်မှစပြီး ကွာရှင်းခွင့်တောင်းခံခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ပြင်သစ်တောင်ပိုင်းရှိ အိမ်နှင့်စပျစ်ခြံပါသည့် Miraval ခြံ၌ပင် ၂၀၁၄ ခုနှစ်ကလက်ထပ်ပြီး ၂၀၁၉ ခုနှစ် တွင် ကွဲခဲ့ကြသည်။
၄င်းနေရာကိုဝယ်ယူစဉ်က ၄၀ ရာခိုင်နှုန်းကိုသာ ဂျိုလီကပေးထားပြီး ကျန် ၆၀ ရာခိုင်နှုန်းကို ဘရတ်ပစ်ကပေးခဲ့ရသည်။
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်
-
ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B.1.1.7 အကြောင်းတစေ့တစောင်း
-
ရန်သူများ၏ မည်သည့် တိုက်ခိုက်မှုမျိုးကိုမဆို လက်တုံ့ပြန်သွားမည်ဟု အီရန်တပ်ဖွဲ့ ထုတ်ပြန်