Top News

ဂျွန်နီဒပ်နှင့် ဂျက်ဖ်ဘက်တို့ပူးပေါင်း၍ 18 အမည်ရှိ အယ်လ်ဘမ်အသစ် ထွက်ရှိမည်ဟု ထုတ်ပြန်ကြေညာ
24htopnews | August 31, 2024 12:12 PM CST

ဇနီးဟောင်းဖြစ်သူ အမ်ဘာဟတ်နှင့်မကြာသေးမီက တရားရင်ဆိုင်ခဲ့သည့် သရုပ်ဆောင် ဂျွန်နီဒပ်က ဂန္တဝင်ဂစ်တာသမား ဂျက်ဖ်ဘက်နှင့်အတူ တွဲဖက်ပြုလုပ်ထားသည့်  ပြန်ဆိုတေးအများစုပါဝင်သော တေးအယ်လ်ဘမ်သစ်တစ်ခု  လာမည့်လတွင် ထွက်ရှိလာမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

၎င်းတို့နှစ်ဦး၏ သီချင်းအပုဒ်ပေါင်း၁၃ ပုဒ်ပါဝင်သော တေးအယ်လ်ဘမ်၏အမည်မှာ 18 ဖြစ်ပြီး ဇူလိုင် ၁၅ ရက်တွင် ထွက်ရှိလာလိမ့်မည်ဟု ဆိုသည်။

၎င်းတို့နှစ်ဦး ဖန်တီးမှုများကို အတူတွဲ ဖက်လုပ်ကိုင်ခဲ့ပြီးနောက် အယ်လ်ဘမ်၏အမည်ကို ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အသက် ၁၈ နှစ်အချိန်တုန်းကလိုမျိုး ဘယ်လိုခံစားနေရတယ်ဆိုတာကို ဟာသလုပ်ပြောဖြစ်ကြတယ်။ အဲ့ဒါနဲ့ပဲ ၁၈ က ကျွန်တော်တို့ အယ်လ်ဘမ်ရဲ့အမည် ဖြစ်လာပါတော့တယ်”ဟုဘက်က ပြောကြားခဲ့သည်။

ယင်းအယ်လ်ဘမ်ထဲတွင် The Velvet Underground  အဖွဲ့၏ Venus In Furs ၊ The Everly Brothers’ အဖွဲ့၏ Let It Be Me နှင့် Marvin Gaye ၏ What’s Going On သီချင်းများကို ပြန်ဆိုတေးအဖြစ်သီဆို ထားသည်။

ထို့ပြင် Davy Spillane ၏ Midnight Walker နှင့် Beach Boys အဖွဲ့၏တေးသီချင်းနှစ်ပုဒ်ကိုလည်း ပြန်လည်သီဆိုထားသည်။

အဲလစ်ကူးပါးနှင့် ဂျိုးပယ်ရီတို့နှင့်အတူ Hollywood Vampires ရောခ့်ဂီတအဖွဲ့ဝင်အဖြစ် ကာလကြာရှည်တည်ရှိခဲ့သည့်ဒပ်သည် ဘက်နှင့်အတူ ၂၀၁၉ ခုနှစ်တွင် တေးသီချင်းများကို စတင်အသံသွင်းခဲ့ပြီး ဘက်၏လက်ရှိ ဥရောပ နယ်လှည့်ဖျော်ဖြေပွဲများတွင်လည်း ဒပ်က ပူးပေါင်းပါဝင်ဖျော်ဖြေခဲ့သည်။

ဒပ်သည် ယခုလအစောပိုင်းက ဇနီးဟောင်း အမ်ဘာဟတ်ကို အသရေဖျက်မှုတရားစွဲဆိုမှုအတွင်း အနိုင်ရရှိခဲ့ပြီးနောက်ဒေါ် လာ ၁၀ သန်းကျော် လျော်ကြေးရရှိခဲ့သည်ဟု သိရသည်။


READ NEXT
Cancel OK