Top News

ရုပ်ရှင်ဝေဖန်သူများက ဒစ်စနီ၏ ပထမဆုံး မွတ်စလင်စူပါဟီးရိုးရုပ်ရှင် Ms Marvel ကို ချီးကျူးပြောကြား
24htopnews | August 31, 2024 12:12 PM CST

Disney ၏ ပထမဆုံးရုံတင်ဇာတ်ကား ဖြစ်သည့် မွတ်စလင်စူပါ ဟီးရိုးရုပ်ရှင်သည် ခေတ်ပေါ်ယဉ်ကျေးမှုသမိုင်း၏ ပျော်ရွှင်ဖွယ် အပိုင်းအဖြစ် ရုပ်ရှင်ဝေဖန်သူများက ချီးကျူး ပြောကြားခဲ့ကြသည်။

ယင်းရုပ်ရှင်သည် ဖက်ရှင်မကျဘဲ အပေါင်းအသင်းမဆံ့သည့်အပြင် Avengers ကာတွန်းဇာတ်ကောင် ပရိသတ်တစ်ဦးဖြစ်သည့် ဆယ်ကျော်သက်အရွယ် ကာမာလာခန်းအကြောင်း ရိုက်ကူးထားခြင်းဖြစ်ပြီး ကာမာလာခန်းဇာတ်ကောင်နေရာကို ပါကစ္စတန်နွယ်ဖွား ကနေဒါနိုင်ငံသား မျက်နှာသစ် အိုင်မန်ဗယ်လာနီက သရုပ်ဆောင်ထားသည်။

ဆယ်ကျော်သက်အရွယ် ကာမာလာခန်းသည် စွမ်းအားများရရှိပြီး Ms Marvel မဖြစ်လာခင်အချိန်အထိ လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းနှင့် ဝင်ဆံ့ရန် ရုန်းကန်နေရပုံတို့ကို ရိုက်ကူးဖော်ပြထားခြင်းဖြစ်သည်။

The Guardian က ကြယ်ငါးပွင့်အဆင့် သုံးသပ်ချက်တွင် “သူမ (ဗယ်လာနီ) ဟာ ရယ်စရာကောင်းတယ်၊ ချစ်ဖို့ကောင်းတယ်” ဟု ပြောကြားထားသည်။

The Guardian ၏ ရုပ်ရှင်ဝေဖန်ရေး လူစီမန်ဂန်က ပုံမှန်ဆိုရင် သင်တို့အနေနဲ့ ငယ်ရွယ်တဲ့ သရုပ်ဆောင်တစ်ယောက်အတွက် စိုးရိမ်နေရမှာပါ။ ဒါပေမဲ့ ဗယ်လာနီဟာ သူ့ရဲ့ စွမ်းအားအရောင်ဖြစ်တဲ့ ခရမ်းရောင်နဲ့ မွေးဖွားလာပုံရပါတယ်”ဟု ပြောကြားခဲ့သည်။

အပိုင်းခြောက်ပိုင်းပါရှိသည့် Disney+ ဇာတ်လမ်းတွဲတွင် ထုတ်လွှင့်ထားသည့် အပိုင်းနှစ်ပိုင်းသည် နှစ်လိုဖွယ်၊ ဟာသဉာဏ်၊ နွေးထွေးမှု၊ တစ်မျိုးတစ်ဘာသာဟန်နှင့် တက်ကြွမှုတို့အပြင် အမှန်တရားတို့ပြည့်နှက်နေသည်ဟု မန်ဂန်က ပြောကြားခဲ့သည်။

Marvel စူပါဟီးရိုးများသည် ကာတွန်းစာအုပ်များထဲမှ ထွက်ရှိလာပြီး ၁၉၇၀ ဝန်း ကျင်ကတည်းက ရုပ်ရှင်အဖြစ် ပုံဖော်ရိုက်ကူးနေကြသော်လည်း မကြာသေးမီကာလများအတွင်း ၎င်း၏ဇာတ်ကောင်များကို အမျိုးမျိုးပြောင်းလဲရန် ကြိုးပမ်းနေကြသည်။

အပိုင်းခြောက်ပိုင်းထဲမှ ထွက်ရှိလာပြီးဖြစ်သည့် အစောပိုင်းအပိုင်းများတွင် ခန်းသည် ၎င်းနှင့်တူသော စူပါဟီးရိုးများမရှိဟု ယူဆထားသည်ကို တွေ့မြင်ရသည်။ သို့သော် အဘွားဆီမှ အမွေဆက်ခံထားသည့် ရှေးဟောင်းလက်ကောက်လေးတစ်ကွင်းက ၎င်းကို ပြောင်းလဲပေးခဲ့ပြီး ထိုလက်ကောက်လေးသည် ၎င်း၏စွမ်းအင်များအား ကာမာလာ၏ ပါကစ္စတန်အမွေအနှစ်များနှင့် ချိတ်ဆက်ပေးခဲ့သည်ဟု မန်ဂန်က ဆိုသည်။

Financial Times မှ ရုပ်ရှင် ဝေဖန်သူ ကလည်း ယင်းဇာတ်လမ်းတွဲကို ကြယ်လေးပွင့် သတ်မှတ်ပေးခဲ့သည်။


READ NEXT
Cancel OK