(Photo : Reuters)
အမေရိကန်နာမည်ကျော်သရုပ်ဆောင် ဘရက်တလေကူးပါးက ကိုကင်းနှင့် အရက် အလွန်အကျွံစွဲလမ်းမှုသည် ၎င်း၏အစောပိုင်းအနုပညာလှုပ်ရှားမှုများတွင် အနှောင့်အယှက်ဖြစ်စေခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။
အသက် ၄၇ နှစ်အရွယ် A Star is Bom သရုပ်ဆောင် ကူးပါးက Alias ဇာတ်လမ်းတွဲတွင် ဆက်လက်ပါဝင်သရုပ်ဆောင်ရန် ဖြုတ်ချခံခဲ့ရပြီး ဖနောင့်ကြော ပြင်းပြင်းထန် ထန်ထိခိုက်ကာ မိမိကိုယ်ကိုယ် သံသယဝင်စိတ်ဖြင့် လုံးပန်းခဲ့ရပြီးနောက် ယင်းမူးယစ်ဆေးဝါးကို အသုံးပြုခဲ့သည်ဟု ဝန်ခံပြောကြားခဲ့သည်။
အော်စကာဆန်ခါတင်ဆုစာရင်းတွင် ကိုးကြိမ်ဝင်ခဲ့သည့် ကူးပါးက အောင်မြင်မှု မရရှိမီ မူးယစ်ဆေးစွဲလမ်းခဲ့ကြောင်း ဝန်ခံခဲ့ပြီး “ကျွန်တော် လမ်းပျောက်ခဲ့ပါတယ်။ အဲဒါနဲ့ ကျွန်တော် ကိုကင်းကို စွဲလမ်းခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။
“ကျွန်တော် Alias ဇာတ်လမ်းတွဲရိုက်ကူးမှုကနေ ညာဘက်ဖနောင့်ကြော ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ပါတယ်။ ကျွန်တော် အသက် ၂၉ နှစ်အရွယ်မှာ ကြုံတွေ့ခဲ့ရတာကို သင်ခန်းစာယူခဲ့ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
“ဒါပေမဲ့ ကျွန်တော် Alias ဇာတ်လမ်းတွဲအတွက်ကြောင့် လော့စ်အိန်ဂျလိစ်ကို ပြောင်းလာတယ်လို့ မခံစားရပါဘူး။ ကျွန်တော် အထက်တန်းကျောင်း ပြန်တက်နေရသလို ခံစားနေရပါတယ်။ ကျွန်တော် ဘယ်အသင်းအဖွဲ့ကလပ်ထဲကိုမှ မဝင်နိုင်ခဲ့သလို ဘယ်မိန်းကလေးမှလဲ ကျွန်တော့်ကို ဂရုမစိုက်ကြပါဘူး။ ကျွန်တော် လုံးဝကိုစိတ်ဓာတ်ကျ ဆင်းခဲ့ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
CBS ၏ ဇာတ်လမ်းတွဲဖြစ်သည့် Alias တွင် လက်ရှိ အသက် ၅၀ အရွယ် ဂျနီဖာဂါနာနှင့်အတူ ဝီလ်တစ်ပင် ဇာတ်ကောင်နေရာ မှ သရုပ်ဆောင်ခဲ့သည့် ကူးပါးသည် ၂၀၀၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ပထမ Season နှစ်ခု တွင် အဓိကသရုပ်ဆောင်နေရာမှ ပါဝင်သရုပ်ဆောင်ခဲ့ရသော်လည်း ၎င်း၏ဇာတ်ရုပ်သည် အထူးဧည့်သည်သရုပ်ဆောင်အဆင့်သို့ လျှော့ချခံခဲ့ရသည်ကို တွေ့မြင်နိုင်ပေသည်။
ကူးပါးက ၎င်းသည် The Hangover ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အသက် ၃၀ ကျော်မတိုင်မီ အထိအနုပညာ လမ်းကြောင်းပေါ် မရောက်ရှိခဲ့ကြောင်း ထပ်မံပြောကြားခဲ့သည်။ “ကျွန်တော် The Hangover ရိုက်တော့ အသက် ၃၆ နှစ်ရှိပါပြီ။ အဲ့မတိုင်ခင် ဘယ်အနုပညာလှုပ်ရှားမှုမှ တကယ်မလုပ်နိုင်ခဲ့ပါဘူး”ဟု ၎င်းကဆိုသည်။
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်
-
ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B.1.1.7 အကြောင်းတစေ့တစောင်း
-
ရန်သူများ၏ မည်သည့် တိုက်ခိုက်မှုမျိုးကိုမဆို လက်တုံ့ပြန်သွားမည်ဟု အီရန်တပ်ဖွဲ့ ထုတ်ပြန်