ယူကရိန်းသမ္မတကို သူရဲကောင်းဟု ဟောလိဝုဒ်သရုပ်ဆောင် ဘင်စတစ်လာ ချီးကျူးပြောဆို
24htopnews | August 31, 2024 12:12 PM CST
အမေရိကန်ရုပ်ရှင်မင်းသား ဘင်စတစ်လာသည် ဇွန် ၂၀ ရက်က ယူကရိန်းမြို့တော် ကိဗ်တွင် သမ္မတဗိုလိုဒီမာ ဇယ်လန်းစကီးနှင့် တွေ့ဆုံခဲ့ပြီး ဇယ်လန်းစကီးသည် ၎င်းအတွက် သူရဲကောင်းဟု အမွှမ်းတင်ပြောခဲ့သည်။
မစ္စတာစတစ်လာသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) ၏ ချစ်ကြည်ရေးသံတမန်အဖြစ် ယူကရိန်းသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ကမ္ဘာ့ဒုက္ခသည်များ နေ့တွင် ဇယ်လန်းစကီးနှင့်တွေ့ဆုံခဲ့သည်။
“ခင်ဗျားဟာ ဒီအရေးအတွက် ကောင်းမွန်တဲ့သရုပ်ဆောင်အလုပ်ကို စွန့်လွှတ်ခဲ့တယ် ။ ခင်ဗျားလုပ်ဆောင်ပေးခဲ့တာတွေ၊ နိုင်ငံကို စည်းလုံးစေခဲ့တာတွေ ဒါတွေဟာကမ္ဘာအတွက် ခွန်အားဖြစ်စေတယ်။ ကိုယ်တိုင်လာမကြည့်ရင် ယူကရိန်းမှာ ဘာတွေဖြစ်နေတယ်ဆိုတာ နားလည်ဖို့မလွယ်ဘူး”ဟု ဘင်စတစ်လာက ယူကရိန်းသမ္မတကို ပြောခဲ့သည်။
READ NEXT
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်
-
ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B.1.1.7 အကြောင်းတစေ့တစောင်း
-
ရန်သူများ၏ မည်သည့် တိုက်ခိုက်မှုမျိုးကိုမဆို လက်တုံ့ပြန်သွားမည်ဟု အီရန်တပ်ဖွဲ့ ထုတ်ပြန်