Top News

Iron Cross Happy New Year Countdown 2019 ရှိုးပွဲကို မန္တလေးမြို့၌ ပြုလုပ်မည်
24htopnews | August 26, 2024 9:13 AM CST

Iron Cross Happy New Year Countdown 2019 ရှိုးပွဲကို မန္တလေးမြို့၌ ဒီဇင်ဘာ ၃၁ ရက် တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ နှစ်သစ်ကိုကြိုဆိုမည့် Iron Cross တီးဝိုင်း၏ ဂီတဖျော်ဖြေပွဲတွင် တေးသံရှင် လေးဖြူ၊ အငဲ၊ မျိုးကြီးနှင့် ၀ိုင်ဝိုင်းတို့ ပါဝင်တင်ဆက် မည်ဖြစ်သည်။ ဖျော်ဖြေပွဲအား ည ၉ နာရီတွင်စတင်မည်ဖြစ်ပြီး ည ၁၂ နာရီ တိုင်အောင် တင်ဆက်မည်ဖြစ်၍ New Year Countdown အစီအစဉ်ကို တေးသံရှင်များနှင့်အတူ ဆင်နွှဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

“Iron Cross တီးဝိုင်းနဲ့ ပင်တိုင်တေးသံရှင်တွေရဲ့ ၂၀၁၉ နှစ်သစ်ကိုကြိုဆိုမယ့် အစီအစဉ်ကို မန္တလေးမှာ ပြုလုပ်ဖို့စီစဉ်ထား ပါတယ်။ New Year Countdown ပွဲဖြစ်တဲ့အတွက် ည ၉ နာရီမှာ စတင်ဖျော်ဖြေပြီး ည ၁၂ နာရီ Countdown ရေတွက်တဲ့အချိန်အထိ တင်ဆက်သွားမှာပါ။ လက်မှတ်တွေကိုတော့ ဒီဇင်ဘာ ၂၀ မှာ စတင်ရောင်းချမယ် လို့သိရပါတယ်။ IC နဲ့အတူ နှစ်သစ်ကို ကြို ချင်တဲ့ပရိသတ်တွေကတော့ မန္တလေးကို သွားလည်ရင်း ကြိုဆိုနိုင်မှာပါ။ မန္တလေးက ပရိသတ်တွေလည်း စောင့်နေကြမယ်လို့ထင်ပါတယ်” ဟု We Love IC Fans Group တွင် ပါဝင်သူ တစ်ဦးကဆိုသည်။

Iron Cross Happy New Year Countdown 2019 ရှိုးပွဲအတွက် လက်မှတ်များအား ဒီ ဇင်ဘာ ၂၀ ရက် တွင် စတင်ရောင်းချမည်ဖြစ်ကာ လက်မှတ်စျေးနှုန်းများအား ကျပ်တစ်သိန်း၊ ငါးသောင်း၊ သုံးသောင်းနှင့် တစ်သောင်း ဟု အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။ ဖျော်ဖြေပွဲကို မန္တလာသီရိအား ကစားကွင်း၊ မန္တလေးမြို့၌ ကျင်းပမည်ဖြစ်ကာ ဖျော်ဖြေပွဲကျင်းပမည့်နေရာ၌ ဂိတ်တံခါးဖွင့်ချိန်အား ည ၈ နာရီဟု သတ်မှတ်ထားကြောင်း သိရသည်။

Iron Cross တီးဝိုင်း၏ နှစ်သစ်ကြိုဆိုပွဲတွင်ပါဝင်မည့် တေးသံရှင်များက တစ်ဦးချင်းအနေဖြင့်လည်းကောင်း၊ နှစ်ယောက်တွဲဖက် တင်ဆက်မှုများဖြင့်လည်းကောင်း ဖျော်ဖြေမည်ဖြစ်သည်။ ဖျော်ဖြေမှုများတွင် Iron Cross တီးဝိုင်း၏ လက်စွမ်းပြ တီးခတ်မှုများလည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

 


READ NEXT
Cancel OK