Spider-Man: Into The Spider- Verse(3D) အန်နီမေးရှင်းကာတွန်း ဇာတ်ကားကို ရန်ကုန်နှင့် မန္တလေးအပါအဝင် မြို့ ကြီး အများအပြားရှိ ရုပ်ရှင်ရုံများတွင် ဒီဇင်ဘာ ၁၄ ရက်မှစတင်ကာ နိုင်ငံတကာနှင့် တစ်ပြေးညီ ရုံတင်ပြသထားသည်။ ယင်းဇာတ်ကားကို အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံအများအပြား၌ ဒီဇင်ဘာ ၁၄ ရက်က စတင်ပြသခဲ့ခြင်းဖြစ်သည်။ Miles Morales သည် ကျောင်းကိစ္စများ၊ သင်ကြားမှုဆိုင်ရာများအပြင် သူငယ်ချင်းများနှင့် အချိန်မလောက်နိုင်အောင် အလုပ်ရှုပ်နေသည့် လူငယ်လေးဖြစ်သည်။ တစ်ရက်တွင် ပျောက်ကွယ်သွားတာ ကြာပြီဖြစ်သော New York မြို့တော်ကြီး၏ ကယ်တင်ရှင် ပင့်ကူလူသားတစ်ဖြစ်လဲ Peter Parker နှင့် အမှတ်မထင် ဆုံမိခဲ့သည်။
ပင့်ကူလူသားဖြစ်သည့် Peter Parker ၏ လေ့ကျင့်သင်ကြားပေးမှုတို့ဖြင့် ပင့်ကူလူသားဖြစ်လာခဲ့သည့် Miles သည် သူနေထိုင်ရာ ဘရွတ်ကလင်းမြို့ကို ကယ်တင်ရန် ကြိုးစားရသည့်အပြင် သက်ရှိအားလုံး၏ ဖြစ်တည်မှုကို ခြိမ်းခြောက်လာသည့် အန္တ ရာယ်ကြီးကို အခြားသော Dimension လောက အသီးသီးမှ ပင့်ကူလူသားများနှင့် ပူးပေါင်းကာ နှိမ်နင်းရသည်များကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။
Spider-Man: Into The Spider- Verse(3D ) ဇာတ်ကားကို ဒါရိုက်တာ BoB Rersichetti, Peter Ramsey နှင့် Rodney တို့က ရိုက်ကူးပြီး Shameik Moore, Hailee Steinfeld, Mahershala, Ali, Jake Jahnson, Live Schreiber, Brian Tyree တို့က အသံဖြင့် ပါဝင်သရုပ်ဆောင်ထားသည်။ ယင်းဇာတ်ကားကို ရန်ကုန်မြို့ရှိ နေပြည်တော်၊ မင်္ဂလာစံပြ၊ မင်္ဂလာ(ဂမုန်းပွင့်) ရုံများနှင့် မန္တလေးမြို့ရှိ မင်္ဂလာဒိုင်းမွန်းရုပ်ရှင်ရုံ၊ ပဲခူးရှိ Icon Cineplex၊ မော်လမြိုင်ရှိ ဘုရင့်ရုပ်ရှင်ရုံနှင့် မုံရွာမြို့ရှိ Mingalar Ocean ရုပ်ရှင်ရုံများ၌ တစ်ပြိုင်နက် ရုံတင်ပြသထားသည်။
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်
-
ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B.1.1.7 အကြောင်းတစေ့တစောင်း