ကိုဗစ်-၁၉ ချေးငွေသက်တမ်းသုံးနှစ် ကျော်လွန်ပြီး ချေးငွေအရင်းအတိုးများ ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေသည့် ကုမ္ပဏီ/လုပ်ငန်းများ ချေးငွေသက်တမ်းတိုးမြှင့်ပေးရန် အစီအစဉ်မရှိဟု ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၄) ကို ဇူလိုင် ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပခဲ့စဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏လှည့်ပတ်ရန်ပုံငွေသို့ ကျပ် ၅၀ ဘီလျံနှင့် အထွေထွေပိုလျှံရန်ပုံငွေမှ ထုတ်ပေးထားသည့် ကျပ် ၁၅၀ ဘီလျံမှ ကျပ် ၅၀ ဘီလျံ၊ စုစုပေါင်းငွေကျပ် ၁၀၀ ဘီလျံကို ပြန်လည်ကောက်ခံပြီးစီးမှုနှင့် ပေးသွင်းပေးမှု၊ ချေးငွေပြန်လည်ပေးဆပ်ရန် နိုင်ငံပိုင်သတင်းစာများတွင် ကြေညာချက်ထည့်သွင်း ထုတ်ပြန်ပြီးနောက် ၂၀၂၄ ခုနှစ် ဇွန်လနှင့် ဇူလိုင်လအတွင်း ချေးငွေပြန်လည်ပေးဆပ်မှု တိုးတက်လာသည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများ ရှင်းလင်းဆွေးနွေးပြီး ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေများသည် နိုင်ငံ့ဘဏ္ဍာရန်ပုံငွေ များ ဖြစ်သဖြင့် မဖြစ်မနေပြန်လည်ပေးဆပ်ကြရန် တာဝန်ရှိကြောင်း၊ ချေးငွေသက်တမ်းသုံးနှစ် ကျော်လွန်ပြီး ချေးငွေအရင်းအတိုးများ ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေသည့် ကုမ္ပဏီ/လုပ်ငန်းများနှင့်စပ်လျဉ်း၍ ချေးငွေ သက်တမ်းတိုးမြှင့်ပေးရန် အစီအစဉ်မရှိပါကြောင်း၊ ပြန်လည်ပေးဆပ်မှုမရှိသူများကို စီမံခန့်ခွဲမှုနည်းလမ်းများ၊ လုပ်ငန်းစဉ်များဖြင့် အမြန်ဆုံးပြန်လည်ရရှိရေး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဒုတိယဝန်ကြီးဒေါက်တာ ၀ါ၀ါမောင်က ချေးငွေစိစစ် ကြပ်မတ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်နယ်/တိုင်းဒေသကြီးအလိုက် ကိုဗစ်-၁၉ရန်ပုံငွေမှ ချေးငွေထုတ် ယူထားသည့် ကုမ္ပဏီ/လုပ်ငန်းများမှ အတိုးအရင်းကောက်ခံရရှိမှု၊ သက်ဆိုင်ရာဌာနများ၊ ချေးငွေကြီးကြပ်ရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုနှင့် ချေးငွေဆိုင်ရာ စာရင်းဇယားများ တိကျမှန်ကန်ရေးကိစ္စရပ်များကိုလည်းကောင်း၊ လုပ်ငန်းကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့် ညွှန်ကြား ရေးမှူးချုပ်များက ချေးငွေပေးဆပ်ရန် ကျန်ရှိသည့်ကုမ္ပဏီ/လုပ်ငန်းများကို ပြန်လည်ပေးဆပ်မှု အဆင့်လိုက်ခွဲခြား၍ စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ဆောင်ရွက်သွားရန်၊ ချေးငွေအများဆုံးကျန်ရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးစသည့်ဒေသများတွင် ကွင်းဆင်းတွေ့ဆုံ၍ ချေးငွေများ အမြန်ပြန်လည်ပေးဆပ်လာစေရေး ဆောင်ရွက်သွားရန်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသူများက ကော်မတီ၏ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု၊ သက်တမ်းစေ့ပြီး ချေးငွေပြန်လည်ကောက်ခံရရှိရေးအစီအစဉ်နှင့် နိုင်ငံ့ဘဏ္ဍာရန်ပုံငွေများကို လေလွင့်ဆုံးရှုံးမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းများ၊ ဌာနဆိုင်ရာများအကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေတို့ကို ဆွေးနွေးအကြံပြုတင်ပြကြသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား