လက်ရှိတွင် မြန်မာ-တရုတ် နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သို့ ဆန်တင်ပို့မှု ပြန်လည်စတင်နေပြီး တစ်နေ့လျှင် ဆန်အိတ် ငါးသောင်းခန့်အထိ တင်ပို့လျက်ရှိကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှ သိရသည်။
“အခု မူဆယ်ဘက်တင်တာ တွေရှိတယ်။ တစ်ရက်ကို ဆန်အိတ် လေးသောင်း၊ ငါးသောင်းလောက် သွားတယ်” ဟု ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့ရာတွင် နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းများ၊ ပင်လယ်ရေကြောင်း နှစ်ခုစလုံးမှ နိုင်ငံပေါင်း ၆၀ နီးပါးအထိ တင်ပို့လျက်ရှိသည်။
ယင်းအနက် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု အများဆုံးဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ ဆန်တင်ပို့ရာတွင်လည်း တရုတ်နိုင်ငံကိုသာ အဓိကထား တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဖေဖော်ဝါ ရီ ၂၁ ရက်အထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၂၉၈ သန်း အထိ တင်ပို့ထားပြီး ဝင်ငွေအမေ ရိကန်ဒေါ်လာ ၃၇၃ ဒသမ ၃၅၄ သန်းရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။
အဆိုပါ ကာလအတွင်း နိုင်ငံ ပေါင်း ၅၉ နိုင်ငံသို့ ဆန်တန်ချိန် ၈၉၈,၀၀၀ ကျော်တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၇၀ နီးပါးရရှိထားသည်။
ယင်းအနက် တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၃၂၀,၀၀၀ ကျော်တင်ပို့ထားပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၉၇ သန်းကျော် ရရှိထားသည်။ စုစုပေါင်း ဆန်တင်ပို့မှု၏ ၃၆ ရာခိုင်နှုန်းကျော်ရှိကာ အများဆုံး တင်ပို့ထားခြင်း ဖြစ်သည်။
ထို့အတူ နိုင်ငံပေါင်း ၅၂ နိုင်ငံသို့ ဆန်ကွဲတန်ချိန် လေးသိန်းကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ရရှိထားသည်။
ယင်းအနက် ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၄၃,၀၀၀ တင်ပို့ထားပြီး ဝင်ငွေအမေရိကန် ဒေါ်လာ ၂၃ သန်းကျော်ရရှိထားသည်။ စုစုပေါင်းဆန်ကွဲတင်ပို့မှု၏ ၂၃ ရာခိုင်နှုန်းကျော်ရှိပြီး အများဆုံး တင်ပို့ထားခြင်းဖြစ်သည်။
လက်ရှိဘဏ္ဍာနှစ် ငါးလအတွင်း နယ်စပ်ကုန်သွယ်မှုမှ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁၇၈,၀၀၀ ခန့်တင် ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၇ သန်းနီးပါး ရရှိထားပြီး စုစုပေါင်း တင်ပို့မှု၏ ၁၃ ရာခိုင်နှုန်း ကျော်ရှိသည်။
တရုတ်နိုင်ငံ ဟူပေပြည်နယ်၊ ဝူဟန်မြို့တွင် ဇန်နဝါရီ ၇ ရက်တွင် စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်း ရပ်စ်ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကြောင့် တရုတ်နိုင်ငံအတွင်း ပြည်နယ်တစ်ခုနှင့်တစ်ခု၊ မြို့တစ်မြို့နှင့် တစ်မြို့ ကူးလူးဆက်ဆံမှုများကို ပိတ်ဆို့ဖြတ်တောက် လိုက်သဖြင့် ကုန်သွယ်မှု ရပ်ဆိုင်းသွားခဲ့ရပြီး တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး ဆောင်ရွက်လျက်ရှိသော မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ ကုန်သွယ်ရေး စခန်းတို့တွင်လည်း ကုန်သွယ်မှု လုပ်ငန်းများ ထိခိုက်ခဲ့သည်။
လက်ရှိဘဏ္ဍာနှစ် ငါးလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၃ သန်းနီးပါးတင်ပို့မှ ဝင်ငွေဒေါ်လာသန်း ၃၇၀ ကျော်ရ ရှိကာ တရုတ်နိုင်ငံသို့ ဆန်အများဆုံး တင်ပို့ထားပြီး ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲ အများဆုံး တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဖေဖော်ဝါ ရီ ၂၁ ရက်အထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၂၉၈ သန်း တင်ပို့ထားပြီး ဝင်ငွေအမေရိကန် ဒေါ်လာ ၃၇၃ ဒသမ ၃၅၄ သန်းရရှိ ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။
အဆိုပါ ကာလအတွင်း နယ်စပ်ကုန်သွယ်မှုမှ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁၇၈,၀၀၀ ခန့်တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၇ သန်းနီးပါး ရရှိထားသည်။ စုစုပေါင်း တင်ပို့မှု၏ ၁၃ ရာခိုင်နှုန်းကျော်ရှိသည်။
ပင်လယ်ရေကြောင်း တင်ပို့မှုမှ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၁၂၀ သန်းတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၂ဝကျော်ရရှိထားသည်။ စုစုပေါင်းတင်ပို့မှု၏ ၈၆ ရာခိုင်နှုန်းကျော်ရှိသည်။
လက်ရှိတွင် ပြည်တွင်း ဆန်ချောစျေး ပြောင်းလဲမှု မရှိသော်လည်း ဒေါ်လာစျေးနှုန်း ပြန်လည် မြင့်တက်လာမှု၊ ဝယ်လိုအား မြင့်တက်မှုတို့ကြောင့် ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၂၀၀၀ ခန့် ပြန်လည်မြင့်တက်လာကြောင်း ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်မှ သိရသည်။
လက်ရှိ ပြည်တွင်းဆန်စျေးနှုန်းများမှာ ၂၅ မှတ် ဆန်တစ်အိတ်လျှင် ကျပ် ၂၀၀၀၀ မှ ၂၀၅၀၀ ဝန်းကျင်၊ ငါးမှတ်ဆန် တစ်အိတ်လျှင် ကျပ် ၂၃၅၀၀ ဝန်းကျင်၊ ဆန်ကွဲစျေးမှာ ကျပ် ၁၆၀၀၀ မှ ကျပ် ၁၈၀၀၀ အကြား ရှိကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှ သိရသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား