ကမ္ဘာ့ရေနံစျေးသည် မတ် ၂၇ ရက်တွင် တစ်စည် ၂၃ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ တစ်ပတ်အတွင်း တစ်လီတာ ကျပ် ၃၀ မှ ကျပ် ၈၀ အထိ ဆက်လက်ကျဆင်းခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စျေးနှုန်းများအရ သိရသည်။
၂၀၂၀ ပြည့်နှစ် မတ် ၂၀ ရက် နှင့် ၂၇ ရက် စက်သုံးဆီစျေးနှုန်းများကို နှိုင်းယှဉ်ပါက ဒီဇယ်ဆီ တစ်လီတာ ကျပ် ၃၀၊ ပရီမီယံဒီဇယ်ဆီ တစ်လီတာ ကျပ် ၃၀၊ 92 Ron တစ်လီတာ ကျပ် ၈၀၊ 95 Ron တစ်လီတာ ကျပ် ၅၀ ဆက်လက်ကျဆင်းခဲ့သည်။
ပြည်တွင်းစက်သုံးဆီစျေးနှုန်းသည် ကမ္ဘာ့ရေနံစျေး ကျဆင်းမှုနှင့်အတူ ဒေါ်လာစျေးလည်း ကျဆင်းလာသောကြောင့် ဇန်နဝါရီ ဒုတိယပတ်မှစ၍ ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ သုံးလကျော် (ဇန်နဝါရီ ၈ ရက်မှ မတ် ၂၇ ရက်အထိ) အတွင်း တစ်လီတာ ၄၁၅ ကျပ်မှ ၄၇၅ ကျပ်အထိ ဆက်လက်ကျဆင်းခဲ့သည်။
ကမ္ဘာ့ရေနံစျေးနှုန်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ ထို့နောက် ရေနံစျေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်တွင် ၄၂ ဒေါ်လာဝန်းကျင်အထိ ရောက်ခဲ့သည်။ ၂၀၁၉ ခုနစ် ဧပြီ ၂၃ ရက်တွင် ၆၆ ဒေါ်လာအထိ ပြန်တက်ခဲ့သည်။ ထို့နောက် ဇွန် ၁၂ ရက်တွင် ၅၁ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ဒေါ်လာ ၆၀ အထက် ပြန်ရောက်ကာ သြဂုတ် ၇ ရက်တွင် ၅၁ ဒေါ်လာအထိ ပြန်ကျခဲ့သည်။ စက်တင်ဘာ ၃ ရက်တွင် ၅၃ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၆ ရက်တွင် ၆၂ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ကာ နိုဝင်ဘာ ၁၉ ရက်တွင် ၅၅ ဒေါ်လာ၊ နိုဝင်ဘာ ၂၉ ရက်တွင် ၅၈ ဒေါ်လာ၊ ဒီဇင်ဘာ ၄ ရက်တွင် ၅၆ ဒေါ်လာ၊ ဇန်နဝါရီ ၈ ရက်တွင် ၆၃ ဒေါ်လာ၊ ဇန်နဝါရီ ၁၅ ရက်တွင် ၅၇ ဒေါ်လာ၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် ၅၃ ဒေါ်လာ၊ မတ် ၇ ရက်တွင် ၄၁ ဒေါ်လာ၊ မတ် ၁၈ ရက်တွင် ဒေါ်လာ ၂၀ ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။
မတ် ၂၇ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ရောင်းချခဲ့သော စျေးနှုန်းမှာ ဒီဇယ်တစ်လီတာ ကျပ် ၅၅၀ (တစ်ဂါလန် ၂၅၀၀ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၅၆၀ (တစ်ဂါလန် ၂၅၄၅ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၄၃၀ (တစ်ဂါလန် ၁၉၅၄ ကျပ်)၊ အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၅၈၀ (တစ်ဂါလန် ၂၆၃၆ ကျပ်) ဖြစ်ပြီး ဇန်နဝါရီ ၈ ရက်တွင် ဖြစ်ပေါ်ခဲ့သော တစ်လီတာစျေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဒီဇယ် ၄၃၅ ကျပ် (၄၄ ဒသမ ၁၆ ရာခိုင်နှုန်း)၊ ပရီမီယံဒီဇယ် ၄၃၅ ကျပ် (၄၃ ဒသမ ၇၁ ရာခိုင်နှုန်း)၊ အောက်တိန်း 92 Ron ၄၇၅ ကျပ် (၅၂ ဒသမ ၄၈ ရာခိုင်နှုန်း)၊ အောက်တိန်း 95 Ron ၄၁၅ ကျပ် (၄၁ ဒသမ ၇၀ ရာခိုင်နှုန်း) အထိ ပြန်လည်ကျဆင်းခဲ့သည်။
ဒေါ်လာစျေးနှင့် ကမ္ဘာ့ရေနံစျေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်မှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်း စက်သုံးဆီစျေးနှုန်း ၂၁ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး တစ်လီတာ စံချိန်တင်စျေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။
၂၀၁၉ ခုနှစ်အတွင်း လအလိုက်၊ စက်သုံးဆီစျေးနှုန်း (လီတာ) များအလိုက် မြင့်တက်ခဲ့သော ပမာဏများမှာ ဇန်နဝါရီတွင် ၂၅ ကျပ်မှ ကျပ် ၆၀ အထိ၊ ဖေဖော်ဝါရီတွင် ကျပ် ၄၀၊ မတ်တွင် ၅၅ ကျပ်မှ ကျပ် ၈၀ အထိ၊ ဧပြီတွင် ၃၅ ကျပ်မှ ၆၅ ကျပ်အထိ စျေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့ပြီး မေတွင် အတက်အကျနည်းပါးကာ ဇွန် (၂၁ ရက်အထိ) တွင် ကျပ် ၁၁၀ မှ ကျပ် ၁၃၀ အထိ ပြန်လည်ကျဆင်းခဲ့သည်။
ထို့နောက် ဇွန် ၂၁ ရက်မှ ဇူလိုင် ၁၅ ရက်အတွင်း တစ်လီတာ ၃၅ ကျပ် ပြန်လည်မြင့်တက်ခဲ့ပြီး ဇူလိုင် ၁၉ ရက်မှ သြဂုတ် ၁၀ ရက်အထိ တစ်လီတာ ၃၅ ကျပ်မှ ကျပ် ၅၀ အထိ ပြန်လည်ကျဆင်းခဲ့သည်။ သြဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၂၅ ရက်အတွင်း တစ်လီတာ ကျပ် ၇၀ အထိပြန်တက်ခဲ့ပြီး စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၄ ရက်အတွင်း တစ်လီတာ ကျပ် ၄၀ ပြန်လည်ကျဆင်းခဲ့သည်။ အောက်တိုဘာ ၉ ရက်မှ ၂၅ ရက်အတွင်း တစ်လီတာ ကျပ် ၄၀ မှ ၄၅ ကျပ်အထိ ပြန်တက်ခဲ့ပြီး အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၅ ရက်အတွင်း တစ်လီတာ ၁၀ ကျပ် မှ ၁၅ ကျပ်အထိ ပြန်ကျခဲ့သည်။ နိုဝင်ဘာ ၆ ရက်မှ ၁၉ ရက်အတွင်း တစ်လီတာ ၁၀ ကျပ်မှ ၃၅ ကျပ်အထိ၊ နိုဝင်ဘာ ၂၁ ရက်မှ ၂၉ ရက်အထိ တစ်လီတာ ၂၅ ကျပ်မှ ၃၅ ကျပ်အထိ မြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ တစ်လီတာ ၂၅ ကျပ်အထိ ပြန်ကျခဲ့သည်။ ဒီဇင်ဘာ ၁၃ ရက်မှ ဇန်နဝါရီ ၉ ရက်အတွင်း တစ်လီတာ ကျပ် ၂၀ မှ ၃၀ အထိ မြင့်တက်ခဲ့ပြီး ဇန်နဝါရီ ၈ ရက်မှ မတ် ၂၃ ရက်အတွင်း တစ်လီတာ ၄၁၅ ကျပ်မှ ၄၇၅ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့သည်။
ပြည်တွင်းစျေးကွက်တွင် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင်ဖြစ် ပေါ်သော စက်သုံးဆီ လက်လီစျေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၅၀၀ (တစ်ဂါလန် ၂၂၇၀ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၅၅၀ (တစ်ဂါလန် ၂၄၉၇ ကျပ်)၊ အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၆၅၀ (တစ်ဂါလန် ၂၉၅၁ ကျပ်) ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား