၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် ပြည်ပသို့ ချုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာသန်း ၃၆၀ ကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၄၃ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာ ရင်းအင်းအဖွဲ့မှ သိရသည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် ပြည်ပသို့ ချုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာ ၃၆၀ ဒသမ ၆ သန်းရရှိခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် ဒေါ်လာ ၂၁၇ ဒသမ ၂ သန်း ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် ချုပ်ပြီးအထည်တင်ပို့မှုမှ ရရှိငွေမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၄၃ သန်းကျော် ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။
လအလိုက် ပြည်ပသို့ ချုပ်ပြီးအထည် တင်ပို့မှုအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် ဒေါ်လာ ၂၁၇ ဒသမ ၂ သန်း၊ မတ်တွင် ဒေါ်လာ ၂၆၈ သန်း၊ ဧပြီတွင် ဒေါ်လာ ၂၃၈ ဒသမ ၇ သန်း၊ မေတွင်ဒေါ်လာ ၂၇၈ ဒသမ ၅ သန်း၊ ဇွန်တွင်ဒေါ်လာ ၃၁၉ ဒသမ ၃ သန်း၊ ဇူလိုင်တွင်ဒေါ်လာ ၃၁၀ ဒသမ ၇ သန်း၊ သြဂုတ်တွင်ဒေါ်လာ ၄၂၄ ဒသမ ၅ သန်း၊ စက်တင်ဘာတွင်ဒေါ်လာ ၃၇၈ ဒသမ ၃ သန်း၊အောက်တိုဘာတွင်ဒေါ်လာ ၃၀၂ ဒသမ ၉ သန်း၊ နိုဝင်ဘာတွင်ဒေါ်လာ ၃၃၇ ဒသမ ၉ သန်း၊ ဒီဇင်ဘာတွင်ဒေါ်လာ ၄၁၄ ဒသမ ၃ သန်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် ဒေါ်လာ ၄၁၀ ဒသမ ၃ သန်း၊ ဖေဖော်ဝါရီတွင် ၃၆၀ ဒသမ ၆ သန်းရရှိခဲ့သည်။
၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်တွင် အထည်ချုပ်(ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာ ၄ ဒသမ ၈ ဘီလျံနီးပါးရရှိခဲ့သော်လည်း ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆၃ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းကို CMP လက်ခစားစနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဂျပန်၊ တရုတ်၊ ကိုရီးယား၊ EU နိုင်ငံတို့မှ CMP စနစ်ဖြင့် အော်ဒါအဓိက မှာယူနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံအ ထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
၂၀၁၈ ခုနှစ်တွင် အထည်ချုပ်(ချုပ်ပြီးအထည်)အများဆုံးတင်ပို့ထားသည့် ၁၀ နိုင် ငံစာရင်းကိုလေ့လာကြည့်ပါက အီးယူအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဂျာမနီနိုင်ငံသို့ ဒေါ်လာ သန်း ၉၃၀၊ ယူကေသို့ ဒေါ်လာ ၃၂၃ သန်း၊ စပိန်နိုင်ငံသို့ ဒေါ်လာ ၂၉၄ သန်း၊ပြင်သစ်နိုင်ငံသို့ ဒေါ်လာ ၂၆၆ သန်း၊ဒိန်းမတ်နိုင်ငံသို့ ဒေါ်လာ ၁၅၈ သန်း၊အီတလီသို့ဒေါ်လာ ၁၅၇ သန်း၊နယ်သာလန်နိုင်ငံသို့ ဒေါ်လာ ၁၄၅ သန်းအထိ တင်ပို့ထားခြင်းဖြစ်သည်။
အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံအနက် ဂျပန်နိုင်ငံသို့ဒေါ်လာ ၈၃၄ သန်း၊ကိုရီးယားသို့ဒေါ်လာ ၃၉၉ သန်း၊အမေရိကန် နိုင်ငံသို့ ဒေါ်လာ ၂၁၁ သန်းအထိတင်ပို့ထားသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့အထည်ချုပ်(ချုပ်ပြီးအထည်)တင်ပို့မှုကိုလေ့လာကြည့်ပါက ၂၀၁၀ ပြည့်နှစ်၌ အထည်ချုပ်တင်ပို့မှုတွင် ဒေါ်လာ ၃၃၇ သန်းသာရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်လာခဲ့ပြီး ဒေါ် လာတစ်ဘီလျံနီးပါးခန့်အထိ ရောက်ရှိလာခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှသိရသည်။
မြန်မာနိုင်ငံအနေဖြင့် အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုကို လေ့လာကြည့်ပါ က၂၀၁၀ ခုနှစ်တွင် ဒေါ်လာ ၃၃၇ သန်းသာ ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်လာခဲ့ပြီး ဒေါ်လာတစ်ဘီလျံနီးပါးအထိ ရောက်ရှိခဲ့သည်။
၂၀၁၅ ခုနှစ်တွင် အထည်ချုပ်(ချုပ်ပြီးအထည်)တင်ပို့မှုသည် ဒေါ်လာ ၁ ဒသမ ၄၆ ဘီလျံအထိရှိလာပြီး မြန်မာနိုင်ငံ၏ စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား