အင်္ဂလိပ်၊ စပိန်စကားပြော ပေါ့ပ်စတားများက တောင်ကိုရီးယားအဆိုတော်အဖွဲ့များနှင့် ဂီတပူးတွဲဖန်တီးမှုများ လုပ်ဆောင်နေကြစဉ် လတ်တလော ပေါ့ပ်တေးဂီတသည် အရှေ့တိုင်းနှင့် အနောက်တိုင်း ဂီတပညာရှင်များ ပူးပေါင်းဖျော်ဖြေမှု၏ ဦးဆောင်မှုအောက်သို့ ရောက်ရှိနေသည်ဟု ဆိုရမည်ဖြစ်သည်။
နာမည်ကြီး တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ BTS နှင့် ထင်ရှားကျော်ကြားသော ဗြိတိန်တေးဂီတအဖွဲ့ Coldplay တို့က My Universe တေးသီချင်းတွင် ပူးပေါင်းသီဆိုကြမည်ဖြစ်ကြောင်း နှစ်ဖက်စလုံးက အတည်ပြုခဲ့ကြသည်။
My Universe တေးသီချင်းသည် လာမည့် စက်တင်ဘာ ၂၄ ရက်တွင် ထွက်ရှိမည်ဖြစ်သည်။
ထို့ပြင် ပေါ်တိုရီကန် အဆိုတော် Ozuna က ၎င်း၏အသစ်ထွက်ရှိမည့် တေးသီချင်းတွင် DJ Snake ၊ အမေရိကန်ဟစ်ဟော့ပ် အဆိုတော် Megan Thee Stallion နှင့် ကိုရီးယားအမျိုးသမီး အဆိုတော်အဖွဲ့ Blackpink တို့ ပါဝင်သီဆို ပေးထားကြောင်း စက်တင်ဘာ ၁၂ ရက်က ကျင်းပသော MTV VMA ဆုပေးပွဲတွင် ပြောကြားခဲ့သည်။
ထိုပြောကြားချက်သည် BTS အဖွဲ့၏ Butter တေးသီချင်းအား Megan Thee Stallion သီဆိုမှုနှင့် ပေါင်းထားသည့် တေးသွားထုတ်လွှင့်ပြီး မကြာမီ၌ ထွက်ရှိလာခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သည့် နှစ်နှစ်အတွင်းကလည်း အဆိုတော် Lady Gaga ၊ Jason Derulo ၊ Dua Lipa ၊ Selena Gomez တို့သည် Blackpink ၊ BTS ၊ NCT 127 အဖွဲ့တို့နှင့် ဂီတပူးတွဲဖန်တီးမှုများ လုပ်ဆောင်ခဲ့ကြသည်။
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်
-
ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B.1.1.7 အကြောင်းတစေ့တစောင်း