စီစဉ်ထားသည့် သတ်မှတ်ရက်ထက် ၁၈ လ နောက်ကျပြီး ရုံတင်ပြသဖြစ်သော ဂျိမ်းစ်ဘွန်း၏ နောက်ဆုံးထွက် ရုပ်ရှင်ဇာတ်ကားသစ်ကို ကြည့်ရှုလိုသည့် ပရိသတ်များက ဗြိတိန်နိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံများတွင် စက်တင်ဘာ ၃၀ ရက်၌ ကြိတ်ကြိတ်တိုးများပြားခဲ့ပြီး ယင်းရုပ်ရှင်ဇာတ်ကားသစ်နှင့်ပတ်သက်၍ ကောင်းမွန်သည့် မှတ်ချက်များလည်း ထွက်ပေါ်လာခဲ့သည်။
စက်တင်ဘာ ၂၈ ရက်ညပိုင်းက လန်ဒန်မြို့တော်ရှိ ရုပ်ရှင်ရုံတွင် ပွဲဦးထွက်တင်ဆက်သော No Time To Die အမည်ရှိ ဂျိမ်းစ်ဘွန်းရုပ်ရှင် ဇာတ်ကားသစ်အတွက် ရုပ်ရှင်ရုံများက သီတင်းပတ်ပေါင်းများစွာကြာ လက်မှတ်များကို ရောင်းချခဲ့ပြီး ထိုအချိန်ကတည်းက ရုပ်ရှင်ကားနှင့်ပတ်သက်၍ ကောင်းမွန်သော ချီးကျူးမှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။
ထိုရုပ်ရှင်ကားကို စက်တင်ဘာ ၃၀ ရက်တွင် ဗြိတိန်နိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံများတွင် ပြသခဲ့ရုံသာမက ကမ္ဘာတစ်ဝန်းရှိ ဒါဇင်နှင့်ချီသည့်မြို့များတွင်လည်း ရုံတင်ပြသခဲ့သည်။
ရုရှား၊ပြင်သစ်နှင့် အမေရိကန် အစရှိသည့် နိုင်ငံများတွင် လာမည့်သီတင်းပတ်၌ ယင်းရုပ်ရှင်ကားကို ရုံတင်ပြသရန် စီစဉ်ထားသော်လည်း သြစတြေးလျနိုင်ငံတွင်မူ COVID-19 ကပ်ရောဂါကြောင့် ရုံတင်ပြသမည့်ရက်ကို ဆိုင်းငံ့ထားသည်။
သရုပ်ဆောင် ဒန်နီယယ်ခရက်၏ ဂျိမ်းစ်ဘွန်းမင်းသားအဖြစ် ငါးကြိမ်မြောက်နှင့်နောက်ဆုံးအကြိမ် ရိုက်ကူးသည့် ထိုရုပ်ရှင်ကားကို မူလက ၂၀၂၀ ပြည့်နှစ် အစောပိုင်းတွင် ပြသရန် စီစဉ်ခဲ့သော်လည်း ကပ်ရောဂါကြောင့် ထပ်တလဲလဲ ရွှေ့ဆိုင်းခဲ့ရသည်။
“ဒီရုပ်ရှင်ကားက ကောင်းတယ်ဆိုတာ ထက်ကိုပိုပါတယ်။တကယ့် အံ့မခန်းရုပ်ရှင်ဇာတ်ကားတစ်ကားပါ” ဟု Times သတင်းစာ၏ ရုပ်ရှင်ဝေဖန်ရေးသမား ကီဗင်မဟာက ထိုရုပ်ရှင်ကားကို ကြယ်ငါးပွင့်အဆင့် သတ်မှတ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
Gurdian သတင်းစာ၏ ရုပ်ရှင်ဝေဖန်ရေးသမား ပီတာဘရက်ရှောကလည်း ယင်းရုပ်ရှင်ကားကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ခဲ့ပြီး သုံးနာရီနီးပါးကြာသည့် ယင်းရုပ်ရှင်ကားမှာ ကြည့်ရှုသူများကို ကောင်းမွန်ကျေနပ်သည့် စိတ်ခံစားချက် ပေးစွမ်းနိုင်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။
-
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ကပ်ပူဇော်
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်