ဘောလိဝုဒ်စတား ရှာရွတ်ခန်၏သားဖြစ်သူ အာယန်ခန်ကို အောက်တိုဘာ ၃ ရက်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဗျူရို NCB က ဖမ်းဆီးလိုက်သည်ဟု အိန္ဒိယသတင်းဌာနများက ဖော်ပြကြသည်။ အာယန်ခန်နှင့်အတူ ဖမ်းဆီးခံထားရသူများကို အောက်တိုဘာ ၄ ရက်တွင် ရုံးထုတ်ခဲ့ပြီး ရှာရွတ်ခန်၏ဇနီးလည်း တက်ရောက်ခဲ့သည်။
အာယန်ခန်ဘက်က အမှုအတွက် အာမခံလျှောက်ထားခဲ့သော်လည်း NCB ဘက်ကမူ နောက်ထပ်စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် အာယန်ခန်ကို ဆက်လက်ထိန်းသိမ်းထားခွင့်ရရန် ကြိုးစားမည်ဟုဆိုသည်။ စစ်ဆေးဖော်ထုတ်မှုအတွင်း သိရှိထားသည်များ ပတ်သက်ချိတ်ဆက်နေမှုများကိုမူ NCB က ထုတ်မပြောနိုင်သေးဟုလည်း ပြောသည်။
အပျော်စီး သင်္ဘောတစ်စင်းပေါ်တွင် ပါတီရှိသည်ဆိုသည့် သတင်းပေးချက်ကြောင့် NCB အဖွဲ့က အောက်တိုဘာ၂ ရက် ညနေပိုင်းတွင် ဂိုအာကိုသွားမည့်အပျော်စီး သင်္ဘောတစ်စင်းကို စီးနင်းရှာဖွေလိုက်ရာ လူအချို့ထံမှ မူးယစ်ဆေးဝါးများ တွေ့ခဲ့ရသည်။
အာယန်ခန်ကို ဖမ်းခေါ်သွားစဉ် ၎င်းကိုယ်ပေါ်တွင် မည်သည့်အရာမှ မတွေ့ခဲ့သည့်အတွက် ၎င်းကိုမူးယစ်ဆေးသုံးမှုဖြင့်သာ မှတ်တမ်းတင်ထားသည်ဟုလည်း သတင်းများက ဖော်ပြကြသည်။
-
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ကပ်ပူဇော်
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်