စိတ်ကူးယဉ်သိပ္ပံအက်ရှင်ဇာတ်ကား Terminator: Dark Fate သည် မြောက်အမေရိကတွင် ရုံတင်ပြသရာမှ ပွဲဦးထွက်ဝင်ငွေ ဒေါ်လာ ၂၉ သန်းရရှိခဲ့ပြီး ယခုသီတင်းပတ်၏ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်လာခဲ့ကြောင်း လက်မှတ်ဝင်ငွေလေ့လာရေးအဖွဲ့ Exhibitor Relations က နိုဝင်ဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သို့သော် Terminator: Dark Fate ဇာတ်ကား၏ ပွဲဦးထွက်ဝင်ငွေသည် မျှော်မှန်းထားသည်ထက် လျော့ကျခဲ့သည်။
တိုက်ခိုက်ရည်ကောင်းစေရန် နည်းပညာအဆင့်မြှင့်ထားသော Rev-9 အရည်ပျော်စက်ရုပ်တစ်ခုသည် မက္ကဆီကိုစီးတီးတွင် နေထိုင်သော ဒါနီရာမို့စ်အမည်ရှိ စက်ရုံလုပ်သားတစ်ဦးကို သတ်ဖြတ်ရန် အနာဂတ်ကာလမှ ရောက်ရှိလာခဲ့သည်။ ရာမို့စ်ကို ကာကွယ်ရန် အချိန်ခရီးသွားစက်ဖြင့် စေလွှတ်ခြင်းခံထားရသူမှာ Grace အမည်ရှိ သန္ဓေပြောင်းစစ်သည်ဖြစ်သည်။ သို့သော် တိုက်ခိုက်မှုပြင်းထန်လာသော Rev-9 ကို ရင်ဆိုင်နေရသည့် ရာမို့စ်နှင့် Grace တို့သည် သမ္ဘာရင့်စစ်သည် ဆာရာကော်နာနှင့် တိုက်ပွဲဝင်စက်ရုပ် T 800 Terminator တို့၏ အကူအညီဖြင့် Rev – 9 စက်ရုပ်အား နှိမ်နင်းကြသည့်အကြောင်းကို Dark Fate ဇာတ်ကားထဲတွင် စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားခြင်းဖြစ်သည်။
Terminator: Dark Fate ဇာတ်ကား သည် လူကြိုက်များကျော်ကြားသော Terminator ဇာတ်ကား၏ ခြောက်ကားမြောက် နောက်ဆက်တွဲဇာတ်ကားဖြစ်ကာ ဒေါ်လာ ၁၈၅ သန်း အကုန်ကျခံရိုက်ကူးထားကြောင်း သိရသည်။ ဒါရိုက်တာ Tim Miller ရိုက်ကူးပေးထားသော ယင်းဇာတ်ကားထဲ၌ စက်ရုပ်ဇာတ်ကောင်နေရာတွင် မင်းသားကြီး အာနိုးရှာဝါဇနက်ဂါ၊ ဆာရာကော်နာဇာတ်ကောင်နေရာတွင် လင်ဒါဟယ်မီတန်၊ Rev – 9 ဇာတ်ကောင်နေရာတွင် ဂါဘရီရယ်လူနာက သရုပ်ဆောင်ထားသည်။
မြောက်အမေရိက၏ဝင်ငွေအကောင်း ဆုံးရုပ်ရှင်စာရင်းတွင် Warner Bros မှ ဖြန့်ချိပေးထားသော Joker ဇာတ်ကားက ဝင်ငွေဒေါ်လာ ၁၃.၉ သန်းဖြင့် နံပါတ်နှစ်နေရာတွင် ရပ်တည်နေပြီး သရုပ်ဆောင် အင်ဂျလီနာဂျိုလီ ပါဝင်ထားသော Maleficent: Mistress of Evil ဇာတ်ကားက ဝင်ငွေဒေါ်လာ ၁၂.၂ သန်းဖြင့် နံပါတ်သုံးနေရာတွင် ရပ်တည်နေသည်။
ကျေးကျွန်ဘဝမှ လွတ်မြောက်ခဲ့သူ၊ အခြားသောကျေးကျွန်များကိုလည်း ကျွန်ဘဝမှ လွတ်မြောက်စေရန် ကူညီခဲ့သူ Harriet Tubman ၏အကြောင်းကို ရိုက်ကူးထားသော အတ္ထုပ္ပတ္တိရုပ်ရှင် Harriet သည် ပွဲဦးထွက် ဝင်ငွေဒေါ်လာ ၁၂ သန်းဖြင့် ဝင်ငွေအကောင်း ဆုံးရုပ်ရှင်စာရင်း၏ နံပါတ်လေးနေရာတွင်လည်းကောင်း၊ United Artists မှ ဖန်တီးပေးထားသော The Addams Family အန်နီမေးရှင်းဇာတ်ကားက စာရင်း၏ နံပါတ်ငါးနေရာတွင်လည်းကောင်း အသီးသီးရပ်တည်နေသည်။
-
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ကပ်ပူဇော်
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်