ကေပေါ့ပ်အမျိုးသမီး အဆိုတော်အဖွဲ့များဖြစ်သည့် Wonder Girls နှင့် 4 Minute တို့၏ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည့် အဆိုတော် ယွန်းအာသည် အေဂျင်စီအသစ်နှင့် စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ပွဲဦးထွက်သီချင်း Flower Shower ကို နိုဝင်ဘာ ၅ ရက်တွင် ဖြန့်ချိခဲ့သည်။ ယွန်းအာသည် Pentagon အဖွဲ့ဝင် Dawn နှင့်တွဲနေသည်ဟု အတည်ပြုခဲ့ပြီးနောက်ပိုင်း ဂီတလှုပ်ရှားမှုများ တစ်နှစ်ကြာ ရပ်နားခဲ့ပြီး အဆိုပါသီချင်းဖြင့် ဂီတလောကသို့ တစ်ကျော့ပြန် ဝင်ရောက်လာခြင်း ဖြစ်သည်။
“ ပန်းပွင့်တွေက ကြွေကျသွားမယ် ဆိုရင်တောင်မှ ပွင့်လန်းစေချင်တဲ့ ကျွန်မရဲ့ဆန္ဒတွေအပြည့်ပါတဲ့ သီချင်းတစ်ပုဒ်ပါ။ Flower Shower သီချင်းဟာ အနာဂတ်မှာ အလားအလာကောင်းတဲ့ အနုပညာအခွင့်အလမ်းတွေ ရှိရမယ်ဆိုတဲ့ ကျွန်မရဲ့ မျှော်လင့်ချက်ကိုလည်း ဖော်ပြတဲ့ သီချင်းတစ်ပုဒ်ပါ” ဟု ယွန်းအာက ဆိုးလ်အလယ်ပိုင်း Blue Square iMarket Hall တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက်များကို ပြောကြားခဲ့သည်။
ယွန်းအာသည် ၂၀၀၇ ခုနှစ်တွင် Wonder Girls အဖွဲ့ဝင်အဖြစ် ဂီတလောကသို့ ပွဲဦးထွက် ဝင်ရောက်ခဲ့ပြီး အချိန်တိုအတွင်းမှာပင် Cube Entertainment လက်အောက်ရှိ အမျိုးသမီး အဆိုတော်အဖွဲ့ 4 Minute တွင် ပါဝင်ခဲ့သည်။ ၂၀၁၆ ခုနှစ် တွင် 4 Minute အဖွဲ့ဖျက်သိမ်းခဲ့ပြီးနောက် အသက် ၂၇ နှစ်အရွယ်ရှိ ယွန်းအာသည် တစ်ကိုယ်တော် အဆိုတော်အဖြစ် အနုပညာအလုပ်များကို ဆက်လက်လုပ်ကိုင်ခဲ့ပြီး Change ၊ Bubble Pop! နှင့် Ice Cream စသည့်သီချင်းများဖြင့် တစ်ဟုန်ထိုး အောင်မြင်ခဲ့သည်။
ယွန်းအာသည် Pentagon အဖွဲ့ဝင် Dawnနှင့် တွဲနေကြောင်း အတည်ပြုခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် Cube Entertainment မှ ထွက်ခွာခဲ့ပြီးနောက် သိုသိုသိပ်သိပ် အနေအထားဖြင့်သာ နေထိုင်ခဲ့သည်။ ၎င်းသည် Psy တည်ထောင်ခဲ့သည့် P- Nation အေဂျင်စီနှင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် စာချုပ်ချုပ်ဆိုခဲ့သည်။ Flower Shower သီချင်း၏ စာသားနှင့် ဂီတသံစဉ်များကို Psy က အခြားတေးရေး ဆရာများနှင့် ပူးတွဲရေးသားခဲ့သည်။
Dawn သည်လည်းCube Entertainment နှင့် ပဋိပက္ခများဖြစ်ပွားခဲ့ပြီး အေဂျင်စီနှင့် စာချုပ်ချုပ်ဆိုထားမှုကို ၂၀၁၈ ခုနှစ်တွင် အဆုံးသတ်ခဲ့သည်။ ၎င်းသည်လည်း P-Nation နှင့် စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် အနုပညာအမည် E’Dawn ကို Dawn ဟု ပြောင်းလဲခဲ့ပြီး နိုဝင်ဘာ ၅ ရက်တွင် သီချင်းသစ်တစ်ပုဒ် ဖြန့်ချိခဲ့သည်။
-
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ကပ်ပူဇော်
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်