မတ်လနှင့်ဧပြီလအတွင်းတွင် မြန်မာရုပ်ရှင်ဇာတ်ကားသစ် ၁၁ ကား ရုံတင်ပြသမည်ဖြစ်သည်။
မတ် ၁၅ ရက်တွင် သရုပ်ဆောင် အကယ်ဒမီလွင်မိုး၊ အကယ်ဒမီနေတိုး၊ အကယ်ဒမီသက်မွန်မြင့်တို့ ပါဝင်ထားသည့် ‘တာတူး’ ဇာတ်ကား၊ အကယ်ဒမီရန်အောင်၊ အကယ်ဒမီပြေတီဦး၊ အကယ်ဒမီမင်းဦး၊ မင်းဘုန်းမြတ်၊ အကယ်ဒမီမို့မို့မြင့်အောင်၊ အကယ်ဒမီအိန္ဒြာကျော်ဇင်၊ နန်းစန္ဒာလှထွန်း၊ တို့ပါဝင်သည့် ‘ကျွန်မအချစ်ဆုံး ယောကျ်ားသုံးယောက်’ ဇာတ်ကားတို့ပြသမည်ဖြစ်သည်။
မတ် ၂၂ ရက်တွင် အကယ်ဒမီလွင်မိုး၊ အကယ်ဒမီရဲအောင်၊ မြင့်မြတ်၊ အိချောပိုတို့ ပါဝင်ထားသည့် ‘ဒယ်ဒီဖားကင်’ ဇာတ်ကား၊ အကယ်ဒမီကျော်ရဲအောင်၊ အကယ်ဒမီမို့မို့မြင့်အောင်၊ အကယ်ဒမီဖွေးဖွေး၊ ခင်ဝင့်ဝါတို့ ပါဝင်သည့် ‘လှပ်၍လွင့်သော’ ဇာတ်ကားများ ပြသမည်ဖြစ်သည်။ မတ် ၂၉ ရက်တွင် လူမင်း၊ ဇေရဲထက်၊ ရွှေမှုန်ရတီတို့ပါဝင်ထားသည့် ‘နို့ဘီလူး’ ဇာတ်ကား၊ အောင်ရဲလင်းအဓိကပါဝင်ထားသည့် ‘မင်္ဂလာဦးည’ဇာတ် ကားများပြသမည် ဖြစ်သည်။
ဧပြီ ၅ ရက်တွင် အကယ်ဒမီခန့်စည်သူ၊ ရွှေမှုန်ရတီ၊ ယုသန္တာတင်တို့ပါဝင်သည့် ‘နှစ်မင်္ဂလာ’ ရုပ်ရှင်ဇာတ်ကား ပြသမည်ဖြစ်သည်။ ဧပြီ ၁၇ ရက်တွင် အကယ်ဒမီမြင့်မြတ်နှင့် အကယ်ဒမီဖွေးဖွေးတို့ပါဝင်ထားသည့် ‘ဘယ်ညာဘယ်ညာ’ ဇာတ်ကား၊ အကယ်ဒမီရဲအောင်၊ အကယ်ဒမီမြင့်မြတ်၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ ရွှေမှုန်ရတီ၊ ဆုမြတ်နိုးဦးတို့ ပါဝင်သည့် ‘သစ္စာနန်းတော်’ ဇာတ်ကားတို့အား ပြသမည်ဖြစ်သည်။ ဧပြီ၂၅ ရက်တွင် အကယ်ဒမီနေတိုး၊ ကျော်ကျော်ဗိုလ်၊ အေးမြတ်သူ၊ ရွှေမှုန်ရတီတို့ပါဝင်သည့် ‘ပြုံးရွှင်ရေ ပျော်ရဲ့လား’ ဇာတ်ကား၊ နေတိုး၊ ကျော်ကျော်ဗိုလ်၊ မင်းသွေး၊ ဘောလိဝုဒ်မင်းသမီး ရီယာရေး၊ နန်းဆုဦးတို့ ပါဝင်ထားသည့် ‘မဟူရာရုပ်ရှင်ရုံ’ ဇာတ်ကားတို့ ပြသမည်ဖြစ်သည်။
-
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ကပ်ပူဇော်
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်